ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅)တက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅) ကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အမှုတွဲများတင်ပြရာတွင် ပြီးပြည့်စုံအောင်ဆောင်ရွက်တင်ပြရန်လိုအပ်မည်ဖြစ်ပါကြောင်းနှင့် အမှုတွဲများ၏ သမိုင်းဇစ်မြစ်များကို သေချာလေ့လာတင်ပြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ရှင်းလင်းတင်ပြမည့်အမှုတွဲများကို အချက်အလက်များပြည့်ပြည့်စုံစုံ အချိတ်ဆက်မိမိဖြင့် ရှင်းလင်းတင်ပြရန်နှင့် အမှုတွဲများစိစစ်ဆုံးဖြတ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုပါကြောင်း၊ လယ်ယာမြေအမှုတွဲများနှင့်ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ရာတွင်ဘက်လိုက်မှုမရှိဘဲ တိကျမှန်စွာ ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ကော်မတီဝင်များကလည်း သက်ဆိုင်ရာကဏ္ဍအလိုက်ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ” အမှာစကား ပြောကြားသည်။ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူးက လယ်ယာမြေအမှုတွဲများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် အဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

10-Nov-2025