ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၃၇) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်
ပုသိမ် နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် (၃၇) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ရှည်လျားသည့်သမိုင်းတလျှောက် နိုင်ငံတော်နှင့်အစိုးရအပေါ် တာဝန်ကျေပွန်စွာ တာဝန်ထမ်းဆောင်လျက် ရှိသည့် ဌာနတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန်အတွက် အစိုးရ၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ အုပ်ချုပ်ရေးလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒေသန္တရအုပ်ချုပ်ရေးယန္တရားတွင် စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းစသည့် လုပ်ငန်းတာဝန် များအား ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်စည်းကမ်းများကိုလည်း လေးစားလိုက်နာသွားကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင်လည်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ဝန်ထမ်းများအနေဖြင့် အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်ထမ်းဆောင်နေသည့် ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်သွားရမည်ဖြစ်သကဲ့သို့ လာမည့်ဒီဇင်ဘာ(၂၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားတွင် အခြေခံကျသည့် ဌာနတစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်၏သစ္စာကို စောင့်သိလျှက် အစိုးရ၏ မူဝါဒများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် အကောင် အထည်ဖော်ကြရမည်ဖြစ်ေကြာင်း၊ နိုင်ငံတော်၏အကျိုး၊ ဒေသ၏အကျိုး၊ ပြည်သူလူထု အကျိုးကို အစဉ်သယ်ပိုးနိုင်သည့် အရည်အသွေးပြည့်ဝသော အုပ်ချုပ်ရေး ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် အတွက် မြန်မာနိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို အလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိဌာနနှင့်သက်ဆိုင်သော စာရွက်စာတမ်း များအား လုံခြုံမှုရှိစေရေး ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်အကျိုးကို အောင် မြင် အောင် ဖော်ဆောင်၍ ပြည်သူများက လေးစားအားထားရသည့် အုပ်ချုပ်ရေး ဝန်ထမ်းကောင်းများဖြစ် အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်” တိုက်တွန်းအမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၃၇) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားအတွက် ချီးမြှင့်ငွေများနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းဗီဒီယိုကလစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည့် အရာထမ်း၊ အမှုထမ်းများနှင့် တစ်နှစ်ပတ်လုံး ခွင့်ယူခြင်းမရှိဘဲ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ငွေများ၊ ဆုတံဆိပ်များချီးမြှင့်ခဲ့ကြောင်းသိရသည်။