ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇.၈.၂၀၁၈)ရက်နေ့၊ (၀၉၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးတာဝန်ရှိ ဌာနဆိုင်ရာများ၊ သတင်းမီဒီယာများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲတိုးတက်မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့သတင်းစာရှင်းလင်းပွဲတွင် ကဏ္ဍအလိုက် ဆောင်ရွက်ခဲ့မှုများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ဝန်ကြီးများက ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မ၏အထူးအစီအစဉ်ဖြစ်သော မူးယစ်ဆေးဝါးဖမ်းဆီးရေး၊ တားဆီးကာကွယ်ရေးကိစ္စရပ်များတွင် တိုက်ရိုက်ကွပ်ကဲစီမံမှုဖြင့်​ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် LMG ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ Off – Shore Supply Base လုပ်ငန်း (၃)ခု၊ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း အပါအဝင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၈)ခုကို MIC နှင့် ARIC မှ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ မြေဆီလွှာအာဟာရဓာတ် စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများလည်း Pilot Project အဖြစ်​ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာ ကာလအတွင်း တိုးတက်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှု အခြေအနေများအား ကဏ္ဍအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာဌာနများမှ ရှင်းလင်းပြောကြားကာ             သတင်းမီဒီယာများမှ ကဏ္ဍအလိုက် မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည်ဖြေကြားကာ ဝန်ကြီးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

21-Aug-2018