ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု" ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၆

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု" ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” ရက်ကန်းအသင်းမှ ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“နေပြည်တော် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု" ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား အောင်မြင်မှုများ ရရှိခဲ့ခြင်းကြောင့် ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ယခင်နှစ်ပေါင်းများစွာကပင် ရက်ကန်းလုပ်ငန်းများ စည်ပင်ထွန်ကားခဲ့သည့် တိုင်းဒေသကြီးပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများတွင် ယခုကဲ့သို့ တန်ဆောင်မုန်းလ ရောက်သည့်အခါ မသိုးသင်္ကန်းများရက်လုပ် ပူဇော်မှုများကိုလည်း နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ယခုနှစ် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲပြုလုပ်၍ လူရွေးချယ် စခန်းသွင်း‌ေလ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လာမည့်နှစ်ပြိုင်ပွဲများတွင်လည်း အားနည်းချက်များကို အားသာချက်ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုကဲ့သို့ “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု" ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ဂုဏ်ပြုခြင်းလည်းဖြစ်ပါကြာင်းနှင့် ယခုထက်ပိုမို၍ အောင်မြင်မှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြ စေလိုကြောင်း” ဂုဏ်ပြုအမှာ စကားပြောကြားသည်။

ထို့နောက် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲမှရရှိခဲ့သည့် ဆုတံဆိပ်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့ တိုင်းဒေသကြီးသာသနာရေးမှူးက အပ်နှံခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲတွင် အဖွဲ့လိုက် ချိတ်ဆက်ယှဉ်ပြိုင်မှုအကောင်းဆုံးဆုရရှိသည့် ရွှေပြည်ဧရာအသင်းအား ဂုဏ်ပြုဆုငွေ (၂၇)သိန်းအားချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ရွှေပြည်ဧရာအသင်းအုပ်ချုပ်သူ တိုင်းဒေသကြီး သာသနာရေးမှူးက ပြိုင်ပွဲကာလအတွေ့အကြုံများနှင့် ကျေးဇူးတင်စကားများပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲဝင်များအား လက်ဖက်ရည်၊ မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောိတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မာစရိယဒီဃနိကာယပါဠိပါရဂူ)အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် ယနေ့နံနက်ပိုင်းက သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ တင်ပြလျှောက်ထားခဲ့ပါသည်။

06-Nov-2025