ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သာပေါင်းမြို့နယ်၊ ဂုန်မင်းကျေးရွာ၊ ဂုံမင်းကွင်း ရေကျနောက်စိုက်ဧကများတွင် အချိန်မီစပါးပြန်လည်စိုက်ပျိုးရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၊ Myanmar National League 2025-2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဧရာဝတီယူနိုက်တက်အက်ဖ်စီနှင့် မဟာယူနိုက်တက်အက်ဖ်စီတို့၏ ပွဲစဥ်သို့တက်ရောက်ကြည့်အားပေး

ပုသိမ် နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂုန်မင်းကျေးရွာသို့‌ေရာက်ရှိ၍ ဂုံမင်းကွင်း ရေကျနောက်စိုက်ဧကများတွင် အချိန်မီစပါးပြန်လည်စိုက်ပျိုးရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် ရေကျနောက်စိုက်ဧကများတွင် တစ်နှစ်နှစ်သီးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်ကြရန်လို‌ကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ ရေကြီးရေလျှံမှုများလျော့နည်းစေရေးအတွက် ဆည်မြောင်းများကို နှစ်အလိုက် တိုးချဲ့တူးဖော်ပေးလျှက်ရှိပါကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိသောကြောင့် နှစ်အလိုက်စိုက် သီးထပ်စိုက်ဧကများတိုးတက်လာပါကြောင်း၊ ဆည်မြောင်းတာဘောင်များ၊ မြေလွတ်နေရာများပါမကျန် သီးနှံများ၊ သီးပင်စားပင်များစိုက်ပျိုးနိုင်ရေး၊ ရေမြောင်းများတွင် ဘဲ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ဒေသခံများအတွက် လိုအပ်သည်များကို ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှတူးဖော်ပေးထားသည့် ဆည်မြောင်းများကို အကျိုးရှိစွာအသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ဒေသခံများ၏ လိုအပ်ချက်တင်ပြမှုများ‌အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ညနေပိုင်းတွင် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ကျင်းပသည့် Myanmar National League 2025-2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဧရာဝတီယူနိုက်တက်အက်ဖ်စီနှင့် မဟာယူနိုက်တက်အက်ဖ်စီတို့၏ ပွဲစဥ်သို့တက်ရောက်ကြည့်အားပေးခဲ့ကြောင်းသိရှိရပါသည်။

03-Nov-2025