ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်
ပုသိမ် အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးခဲ့သည်။
ဦးစွာ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကအုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာအချက်အလက်များ၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေထောက်ပံ့ပေးအပ်မှု၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးမှု၊ အဓိကသီးနှံ(၁၃)မျိုးစိုက်ပျိုးထွက်ရှိမှု၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းသုံးစွဲမှု၊ မိုးစပါးရိတ်သိမ်းမှု၊ ဆီထွက်သီးနှံစိုက်ပျိုးပြီးစီးမှု၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှု၊ ငါးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု၊ MSMEလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှု၊ အခြေခံပညာ၊ အဆင့်မြင်ပညာများတွင် တက်ရောက်ပညာသင်ယူနေမှု၊ စဉ်ဆက်မပြတ် အတန်းစဉ် ကူးပြောင်းရှိစေရေးဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ဧကများပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးတို့ကို ရည်မှန်းချက်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများ၏လိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရည်မှန်းချက်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများ၏လိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိုးစပါးနွေစပါး ဧက(၅၂) သိန်းကျော်နှင့် ပဲမျိုးစုံဧက(၁၆)သိန်းကျော်အား စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့်အပြင် ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့်စပါးများ၏ Eating Qualityများ ကောင်းမွန်ရန်လိုပြီး အရေအတွက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ မကြာခင်ကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း”ပြော ကြားခဲ့ပြီးနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ပညာရေးကဏ္ဍအတွက် လိုအပ်ချက်များကို တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။