ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်
ပုသိမ် အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအပါအဝင် ကျောင်းပေါင်း၇ထောင်ကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ပြီးသည့်အခါတိုင်း ပြန်လည်သုံးသပ်ခြင်းများကို ဆောက်ရွက်ခဲ့ပါကြောင်း၊ သိပ္ပံဘာသာတွဲတွင် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့် သင်ကြားသည့် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ခရိုင်များအလိုက်ပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆရာအင်အားနှင့် ကျောင်းသားအင်အား မမျှတမှုကိုလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့်ဝင်သည့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း” အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်”ဆီစက်သို့သွားရောက်၍ ပဲပုပ်ဆီကြိတ်ခွဲထုတ်လုပ်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆီစက်ပိုင်ရှင်က မြေပဲ၊ နှမ်း၊ ပဲပုပ် ဆီများကြိတ်ခွဲထုတ်လုပ်မှု ကုန်ကြမ်းရရှိမှု၊ ဈေးကွက်ရရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် စားသုံးဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်အတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ပဲပုပ်သီးနှံများကို ခေတ်မီဆီသန့်စက်အသုံးပြု၍ ဆီအဖြစ်ကြိတ်ခွဲထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသည့် မြန်အောင်မြို့၊ စိန်ဝတ်မှုံ(၁)လမ်းရှိ ဦးမင်းဇော်ဦး၏ ဆီကြိတ်စက်သို့သွားရောက်၍ မြေပဲ၊ နှမ်း၊ ပဲပုပ် ဆီများကြိတ်ခွဲထုတ်လုပ်မှုနေများနှင့် ခေတ်မီဆီသန့်စက် တပ်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကိုမှာကြားခဲ့သည်။