ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်ဝန်းအတွင်း Recreation Center တည်ဆောက်နေမှုများကိုကြည့်ရှုစစ်ဆေး

ပုသိမ် အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်တက္ကသိုလ်ဝန်းအတွင်း Recreation Center တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်ဝန်းအတွင်း Recreation Center တည်ဆောက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တာဝန်ယူဆောက်လုပ်မည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းဆောင်တွင် အဆောက်အဦဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆောက်အဦ ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ရမည့်အပြင် အဆောက်အဦ အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကိုလည်း အလေးထားဆောင်ရွက်ရန်၊မြေယာရှုခင်းလုပ်ငန်းများကိုလည်းစနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့သည်။

20-Oct-2025