ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အာဇာနည်နေ့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား၊ လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းအခမ်းအနားတို့သို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၉.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ဆရာ/ဆရာမများ၊ ကျောင်သားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၁)နှစ်မြောက် အာဇာနည်နေ့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားနှင့် (၀၈၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ကန်သာယာ၊ အာဇာနည်ကျောက်တိုင်ရင်ပြင်၌ ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းအခမ်းအနားနှင့် (၁၀၃၇)နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရသောအားဖြင့် (၂)မိနစ် ငြိမ်သက်အလေးပြုခဲ့ပါသည်။

21-Aug-2018