၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ (ပုသိမ်ဇုန်) ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းပွဲစဉ်အားကြည့်ရှုအားပေး
ပုသိမ် အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးမျာသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ (ပုသိမ်ဇုန်)တွင် ပထမနေ့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် နှစ်ဖက်အသင်းမှ အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ပုသိမ်ဇုန်)တွင် ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်တို့ပါဝင်ယှဉ်ပြိုင်ကစားကြမည်ပြီးအောက်တိုဘာလ (၁၁)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့်မန္တလေးတိုင်းဒေသကြီးအသင်း၊ အောက်တိုဘာလ၁၂ရက်နေ့တွင် ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်း၊ အောက်တိုဘာလ ၁၄ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ အောက်တိုဘာလ ၁၆ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ အောက်တိုဘာလ ၁၇ရက်နေ့တွင် မွန်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့သည် ညနေ၃နာရီတွင် ပုသိမ်မြို့၊ ကိုးသိန်းအကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။