ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လေးမျက်နှာမြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်နှင့်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
ပုသိမ် အောက်တိုဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်နှင့်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ(၃၀)ရက်နေ့မှ ကပ်ထားကြေညာလျက်ရှိပြီး ပြည်သူများ မဲစာရင်းပါရှိစေရေး၊ မဲစာရင်းတွင်မပါဝင်ခြင်း၊ အချက်အလက်များ မှားယွင်းခြင်းများဖြစ်ပေါ်ပါက သက်ဆိုင်ရာပုံစံများနှင့်အတူလျှောက်ထားစေရေးနှင့် မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိသည့်နေရာများတွင် မဲပေးနိုင်ရေးအတွက်လည်း စနစ်တကျစီမံဆောင်ရွက်သွားရန်လိုပါကြောင်း၊ ခရီးလွန်ပြည်သူများပြန်လည် ေရာက်လာပါက မဲစာရင်းတွင်ပါရှိစေရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း မဲစာရင်းပါရှိစေရေးအလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ တာဝန်ရှိသူအားလုံးက စနစ်တကျစီမံဆောင်ရွက်မှသာ မဲပေးခွင့်ရှိသူအားလုံးပါဝင်မည်ဖြစ်ပါကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင်ပါဝင်သည့် ဌာနဆိုင်ရာများကလည်း အသိပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန်လိုပါကြောင်း”အမှာစကားပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မဲစာရင်းများမှန်ကန်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက အမည်ထည့်သွင်းပေးရန် လျှောက်ထားနိုင်မှုအခြေအနေများ၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေ၊ နည်းဥပဒေများဖြင့် စနစ်တကျဆင့်ခေါ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့် အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့သည်။