တိုင်းဒေသကြီးဝန်ကြီးချုပ် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးအသင်းများအား ကြိုဆို မိတ်ဆက်ခြင်းအခမ်းအနားတက်ရောက်
ပုသိမ် အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးအသင်းများအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိသည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးတွင် လာရောက်ယှဉ်ပြိုင်ကြသော အားကစားသမားများအတွက် အားကစားကွင်းများ၊ အိပ်ဆောင်များ၊ ရေချိုးခန်းများ၊ စားဖိုဆောင်များ သန့်ရှင်းသပ်ရပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်မှုမရှိစေရေး အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအား အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးမှာ ဖြစ်ပါကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်စွာဖြင့်ယှဉ်ပြိုင်ကာ အောင်ပွဲများရရှိအောင်ကြိုးစားကြစေ လိုကြောင်း” ကြိုဆို နှုတ်ခွန်း ဆက်စကားပြောကြားကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု ဘောလုံးအသင်းများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီးနောက် အားကစားသမားများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။