ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာ( Billboard ) စိုက်ထူခြင်းအခမ်းအနားတက်ရောက်

ပုသိမ် အောက်တိုဘာ ၇

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်စေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာ( Billboard ) စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။ ဦးစွာ ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက် ပိုစတာ( Billboard )အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေနှင့် ရောဝတီတိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှမိုးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရွေးကောက်ပွဲ နှိုးဆော် အသိပညာပေးဆိုင်ရာမြေစိုက်ပိုစတာ( Billboard )အား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်း‌ပေးကာ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ မြေစိုက်ပိုစတာ( Billboard )တွင် ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့”ဟုဖော်ပြထားသည်။

07-Oct-2025