ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘိုကလေးပညာရေးဒီဂရီကောလိပ် (၂၉၀ပေ×၃၆ပေ)သံကူကွန်ကရစ် လေးထပ်စာသင်ဆောင်တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ပုသိမ် စက်တင်ဘာ ၂‌၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်(၂၉၀ပေ×၃၆ပေ)သံကူကွန်ကရစ် လေးထပ်စာသင်ဆောင်တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက (၃၀ပေx၃၀ပေ)အကျယ်စာသင်ခန်း ၁၃ခန်း၊ (၂၅ပေx၂၄ပေ)အကျယ်စာသင်ခန်း ၇ခန်း နှင့်အစည်းအဝေးခန်း ၁ခန်း၊ (၉၀ပေx၃၀ပေ)အကျယ်စုဝေးခန်းမ ၁ခန်း၊ (၂၅ပေx၁၅ပေ)အကျယ် ၅ခန်းတွဲ သန့် စင်ခန်း ၈ခန်းတို့ပါဝင် ထည့်သွင်းတည်ဆောက်မှု၊ ရေအသုံးပြုနိုင်ရေးအတွက် ၆လက်မအဝီစီတွင်း ၁တွင်းနှင့် Submersible pump ၁လုံး၊ ဂါလံ ၁ဝဝဝဝဆန့် မြေအောက်ရေလှောင်ကန် ၁လုံးနှင့် ရေတင်ပန့် ၂လုံး ဂါလံ ၄ဝဝဆန့် Overhead tank ၈လုံးတပ်ဆင်ထားရှိမှု၊ လျှပ်စစ်ပိုင်းဆိုင်ရာတပ်ဆင်မှု အနေဖြင့် လုံလောက်သည့်လျှပ်စစ်မီး မျက်နှာကျက်ပန်ကာများနှင့် ထိန်းချုပ်ဖြတ်တောက်စနစ်များ မိုးကြိုးလွှဲစနစ်များပြည့်စုံစွာတပ်ဆင်ပေးထားမှု၊ ငလျင်ဒါဏ်ခံအဆောက်အအုံတည်ဆောက်ရေးလမ်းညွှန်ချက်နှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ (Mynmar National Building Code - 2025)လိုက်နာဆောင်ရွက်ရန်ကြေညာချက်အရ မူရင်း structureအား အသစ်ပြန်လည်လည်အချိန်ယူစမ်းသပ်တိုင်းထွာတွက်ချက်ပုံထုတ်ရသဖြင့် စတင်တည်ဆောက်ချိန်နောက်ကျခြင်း၊ Foundation Design အသစ်အရ ကြီးမားကျယ်ပြန့်သည့်အုတ်မြစ်များ တူးဖေါ်ဆောင်ရွက်ရခြင်း၊ တူးဖေါ်ရန်ခက်ခဲသည့် သဲနုန်းစိမ့်မြေအမျိုးအစားဖြစ်၍မြေသားမခိုင်မာခြင်း၊မိုးသည်းထန်စွာရွာသည့်နေ့ များ တွင်လုပ်ငန်းများ ရပ်နားစောင့်ဆိုင်းရခြင်း၊ တည်ဆောက်ရေးဧရိယာကျဉ်းမြောင်းသဖြင့် လူအားဖြင့်သာအဓိကဆောင်ရွက်နိုင်ခြင်း၊ ကွန်ကရစ်လုပ်ငန်းများအတွက်စွမ်းအားပြည့်ရန်အချိန် စောင့်ဆိုင်းဆောင်ရွက်ပေးရခြင်းတို့ကြောင့် သတ်မှတ်ကာလအတွင်းရာနှုန်းပြည့်ပြီးစီးရန် တွေ့ကြုံရသည့်လုပ်ငန်းခွင်အခက်အခဲများတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှချမှတ်ထားသည့် အဆောက်အဦဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန်၊ လူအင်အား၊ အသုံးပြုနိုင်သည့်စက်ယန္တရားများအသုံးပြုပြီးနေ့ဆိုင်း၊ညဆိုင်းဖြင့်ဆောင်ရွက်ရန်၊ အဆောက်အဦဆောက်လုပ်ရာတွင်အရည်အသွေးများပြည့်မီရေးအပြင် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးကော်မတီအဆင့်ဆင့်ကလည်း၀ိုင်း၀န်းကြပ်မတ်ပေးရန် မှာကြားခဲ့ပြီး ဘိုကလေးပညာရေးဒီဂရီကောလိပ်(၂၉၀ပေ×၃၆ပေ)သံကူကွန်ကရစ် လေးထပ်စာသင်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

28-Sep-2025