ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး

ပုသိမ် စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများတွင် ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ များနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်း သန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ဝေဠုဝန် ပရိယတ္တိစာသင်တိုက်အတွင်း၌ ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှု၊ သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများအား ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေဝပ်ခြင်းများမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ အဆောက်အဦများရှိ ရေညှိများတိုက်ချွတ်ဆေးကြောစေရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု ရှိစေရေး၊ ရေမြောင်းများရေစီးရေလာ ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြုံနွယ်များ စနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ် ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်း သပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ယင်းနောက် ပုသိမ်မြို့၊ အမှတ်(၈) ရပ်ကွက်ရှိ ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် နံ့သာကုန်းအမှိုက်ကွင်း အတွင်း နေ့စဉ်ဝင်ရောက်လျက်ရှိသည့် အမှိုက်များစွန့်ပစ်ထားရှိမှု၊ လက်ရှိအသုံးပြုထားသည့် မြေနေရာနှင့် အသုံးပြုရန်မြေနေရာကျန်ရှိမှု၊ အမှိုက်ကန်ရှိအမှိုက်များအား နောက်ဘက်သို့ ရွှေ့ပြောင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ် အမှိုက် သိမ်းကားများ ဝင်ရောက်စွန့်ပစ်နိုင်ရန် အဝင်လမ်းဖောက်လုပ်နိုင်ရေးမှာကြားခဲ့သည်။ ဆက်လက်၍ ရွှေမြင်တင်ကျေးရွာတွင် အမှိုက်ကွင်းအသစ်ဆောင်ရွက်ရန် လျာထားမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေး နှစ်အလိုက်လျာထားဆောင်ရွက်သွားရန်၊ အမှိုက် စွန့်ပစ်သည့်နေရာများတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် ရေရှည်အသုံးပြုနိုင်ရေးဆောင်ရွက် ရန်နှင့် လိုအပ်သည်များကိုမှာကြားခဲ့သည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာ များတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများမှစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ပုသိမ်) သင်တန်းသား ဆောင် အလျား(၁၃၆)ပေ၊ အနံ(၄၄)ပေရှိ (၁၀)ခန်းတွဲ RC (၃)ထပ် ဆောက်လုပ်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်ထားသောစံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေးအပြင် သတ်မှတ် ကာလအတွင်းပြီးစီးစေရေး အလေးထားလိုက်နာ ဆောင်ရွက်ရန်မှာကြားခဲ့သည်။

27-Sep-2025