ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက လေးမျက်နှာမြို့တွင် ‌ပြည်သူများအား ကျန်းမာရေးစောင့်‌ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတဆေးရုံအုပ်ကြီး ဦးဆောင်သော ဟင်္သာတပြည်သူ့ဆေးရုံကြီး မှ အထွေထွေရောဂါကုသမားတော်၊ မျက်စိအထူးကုဆရာဝန်ကြီး၊အကြောအဆစ်နှင့်ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်း ရေးအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တို့က လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံတွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကိုကြည့်ရှုအားပေးပြီး ဆေးလာရောက်ကုသသည့် ဒေသခံပြည်သူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ အထူးကုဆရာဝန်ကြီးများမှ ထိုသို့ကုသပေးခဲ့ရာတွင် အထွေထွေရောဂါကုသလူနာ(၁၀၈) ဦး၊ မျက်စိရောဂါကုသလူနာ(၂၃) ဦး၊ ကလေးလူနာ(၃၅) ဦး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးလူနာ (၄၈) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာ (၁၈) ဦး စုစုပေါင်းလူနာ (၂၃၂) ဦး အား အခမဲ့ကုသပေးခဲ့ကြောင်း၊ဆီးချိုစစ်ဆေးခြင်း (၁၉၇) ဦး၊ အီးစီဂျီ ရိုက်ခြင်း (၆၀) ဦး ပြုလုပ်ပေးခဲ့ပါ ကြောင်းနှင့် ဟင်္သာတပြည်သူဆေးရုံကြီးသို့ လူနာ (၈) ဦး ညွှန်းပို့ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ် များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်ပြည့်ပြီး မဲပေးခွင့်ရသူတိုင်း မဲပေးခွင့်မဆုံးရှုံး စေရေးအတွက် တာဝန်ရှိသူများက စာရင်းများမှန်ကန်မှုရှိစေရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဖြစ်စဉ် များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂)သောင်းနှုန်းဖြင့်ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ယာယီနေရပ် စွန့်ခွာလာသူများ တွင်ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးနှင့် ယာယီနေရပ် စွန့်ခွာဒေသများမှ ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ဖြေဆိုနိုင်ရေးဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ယာယီနေရပ်စွန့်ခွာဒေသများမှ ပြည်သူများ မဲစာရင်းတွင်ပါဝင်ပြီး မဲပေးပိုင်ခွင့်မဆုံးရှံးစေရေးအတွက် အသက်၁၈နှစ်ပြည့်ပီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိ‌ ရေး အတွက် ဆောင်ရွက်ပေးရန်လိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးတို့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီများ ပေးအပ်ခြင်း နှင့် ယာယီနေရပ် စွန့်ခွာပြည်သူများအနက် နိုင်ငံသားစိစစ်ရေးကတ် မရှိသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များဆက်လက်ပေးအပ်ခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ယာယီနေရပ် စွန့်ခွာ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

20-Sep-2025