ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် ဓာတ်မြေဩဇာများ ဖြန့်ဖြူးသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ပုသိမ် စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် ဓာတ်မြေဩဇာများ ဖြန့်ဖြူးသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် သွင်းအားစုများပံ့ပိုးပေးအပ်ရာတွင် ဓါတ်မြေသြဇာများ အချိန်မီရောက်ရှိရန်နှင့် တောင်သူများလက်ဝယ် ရောက်ရှိရန် လိုအပ်ပါ ကြောင်း၊ သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် တာဝန်ရှိသူများမှ မှတ်တမ်းထားရှိပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာများအား အမှန်တကယ် ထည့်သွင်းသုံးစွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ Export Zone ဖော်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုအကျိုးစီးပွား တိုးတက်ကောင်းမွန်ရေး တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန်လိုကြောင်း" အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းကိုယ်စား တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် သွင်းအားစုများပံ့ပိုးပေးအပ်မှုအခြေအနေများကိုလည်းကောင်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဓာတ်မြေဩဇာဖြန့်ဖြူး ရေးလုပ်ငန်းစဉ်များ၊ ဩဂုတ်လအတွက် ဓာတ်မြေဩဇာများရရှိဖြန့်ဝေမှု၊ တောင်သူများထံ ဓာတ်မြေဩဇာများ ဖြန့်ဖြူးပြီးစီးမှု၊ စက်တင်ဘာလအတွက်ဓာတ်မြေဩဇာလိုအပ်ချက် တင်ပြ ထားရှိမှုနှင့် ဓာတ်မြေဩဇာဖိုးငွေများ ပြန်လည်ကောက်ခံမည့် အစီအစဉ်များကို လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာက ဓါတ်မြေသြဇာ ဖြန့်ဖြူးရောင်းချရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တိုက်ရိုက်ထုတ်ချေးမှုအစီအစဉ်များကိုလည်းကောင်း ရှင်းလင်း တင်ပြမှုများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

19-Sep-2025