ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ အင်းသောင်ကြီးတံတား တည်ဆောက်နေမှု၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌ အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို မြေနေရာများအတွက် မြေနေရာချထားပေးနိုင် ကြည့်ရှုစစ်ဆေး
ပုသိမ် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင်အတူ ယနေ့ညနေပိုင်းတွင် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ အင်းသောင်ကြီးတံတား တည်ဆောက်နေမှုနှင့် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌ အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို မြေနေရာများအတွက် မြေနေရာချထားပေးနိုင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးနှင့် အင်းသောင်ကြီး ကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူးတံတား(အင်းသောင်ကြီးတံတား)(၀/၀မိုင်-၀/၄မိုင်)ကြား၊ ကွန်ကရစ်တံတား(၃၀၀)ပေ၊ A1 Bored Pile -5 Nos & P1 Bored Pile -5 Nos တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအ ခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးတို့ကို မှာကြားခဲ့သည်။ အဆိုပါ ဒါးကချောင်းကူးတံတား(အင်းသောင်ကြီးီးတံတား) အမျိုးအစားမှာ အပေါ်ထည်သံကူကွန် ကရစ်ယက်မ+ကြမ်းခင်း၊ ကိုယ်ထည် သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ အုတ်မြစ် 0.8 Bored pile Foundation၊ တံတားအရှည် ၉၁.၄၄ မီတာ (၃၀၀ ပေ)၊ တံတားခန်းဖွင့်ဖွဲ့စည်းပုံ (၆၀ ပေ × ၅ ခန်း)၊ တံတားအကျယ် ၆.၁ မီတာ (၂၀ ပေ)၊ ရေလမ်းကင်းလွတ်အမြင့် ၁.၈၃မီတာ (၆)ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၄.၆၃ မီတာ (၄၈ ပေ)၊ ယာဉ်သွားလမ်းအကျယ် ၅.၅ မီတာ (၁၈ ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင်(၁)ပေစီနှင့် ခွင့်ပြုယာဉ်အလေးချိန် HS-20-44ရှိမည် ဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌ အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို မြေနေရာများအတွက် နေရာချနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)မှ (ညောင်ကုန်း-ဝက်လဟာ-ကညင်တပင်လမ်း) အား ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် မြေသားတာဘောင်ချဲ့ခြင်း၊ ချောင်းကျောက်ဖြင့်အမာခံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်ရန်ပုံငွေတင်ပြတောင်းခံထားရှိမှုအခြေအနေများ၊ ခရိုင် အုပ်ချုပ်ရေးမှူးမှ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုခဲ့သည့် မြေနေရာများအတွက် မြေနေရာချထားပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်တပင်ကျေးရွာသို့သွားရောက်၍ ကမ်းပြိုခဲ့သည့် မြေနေရာများအတွက် မြေနေရာ ချထားပေးမည့် တည်နေရာများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကညင်တပင်ကျေးရွာအထက်တန်းကျောင်းခွဲသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များနှင့် စာရေးကိရိယာများပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ “အင်္ဂပူ-ညောင်ကျိုးလမ်းအား လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေးအတွက် ညောင်ကုန်း-ဝက်လဟာ-ကညင်တပင်လမ်း) အားအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းပြိုမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြေနေရာများအတွက် ပြောင်းရွှေ့နေရာချထားပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးလုပ်ငန်းများ တင်ပြဆွေးနွေးရန်ရှိပါကလည်း တင်ပြဆွေးနွေးပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားကာ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ တင်ပြမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ဇီးပင်ကွင်းကျေးရွာ တောင်သူဦးလှမိုး၏ စိုက်ဧက(၃)ဧကတွင် ပဲပုတ်(ဆီတိုး) မျိုး စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး ပဲပုတ်စိုက်ပျိုးထုတ်လုပ်မှု၊ တစ်ဧကအထွက်နှုန်းနှင့်၊ အောင်မြင်ဖြစ်ထွန်းမှုအ ခြေအနေများမေးမြန်းခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးတက်စိုက်ပျိုးစေရေး၊ ဆီထွက်နှုန်းကောင်းမွန်သည့် မျိုးများအသုံးပြုစိုက်ပျိုးစေရေး၊ ပိုးမွှားမကျရောက်စေရေး၊ ပိုးသတ်ဆေးလျော့ချသုံးစွဲနိုင်ရေးနှင့် ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေး တို့ကို ေဆွးေနွးမှာကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ယိုးဒယားတက်အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ပျက်စီးစာသင်ဆောင်များပြန်လည်ပြုပြင်နိုင်ရေးတို့မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး“ မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့မည်ဖြစ်၍ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး အနည်းဆုံးစုစုပေါင်းရမှတ် (၃၅၀)မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Co., Ltdမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက်ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ထူးချွန်ကျောင်းသားများဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်းနှင့် ထူးချွန်သည့် ကျောင်းသားကျောင်းသူများထွက်ပေါ်လာစေရေး ဆရာ၊ မိဘနှင့် အုပ်ချုပ်ရေးအဖွဲ့များ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ”ပြောကြားခဲ့သည်။ ထို့နောက် ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။