ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားတက်ရောက်အားပေး
ပုသိမ် စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပြည်သူ့ဆေးရုံ၊ အမျိုးသားသွေးလှူဘဏ်ခွဲ၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင် ရဲတပ်ဖွဲ့ဝင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားတွင်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်အင်အား(၆၁)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့်ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ စေတနာရှင် အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။ ထိုသို့ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မေတ္တာဖြင့်ပေးပို့သည့် စားသောက်ဖွယ်ရာများအား ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ အထွေထွေအုပ်ချပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနစသည့် ဌာနဆိုင်ရာများက စားသောက်ဖွယ်ရာများအား ပို့ဆောင်မည့်ကားများ ပေါ်သို့ စနစ်တကျတင်ဆောင်နေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။ ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မေတ္တာဖြင့်ပေးပို့ရာတွင် ငါးနီတူခြောက်ကြော်(၅၇၉၀)ထုပ်၊ ငါးပိကြော် (၆၀၅၅)ထုပ်၊ ငံပြာရည်ကြော်(၇၀၅)ထုပ် ပေးပို့ခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကွင်းလျားကျေးရွာမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ(၇)ဦးရှိပါကြောင်း၊ မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့မည်ဖြစ်၍ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင်သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး အနည်းဆုံးစုစုပေါင်းရမှတ် (၃၅၀)မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင် အိုးမကွာ အိမ်မကွာ ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ Global Earth Agro & Aqua Industry Co., Ltdမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက်ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ထူးချွန်ကျောင်းသားများဖြစ်အောင် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကွင်းလျားကျေးရွာ ကမ်းပြိုကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး ရေရှည်တည်တံ့စေရေးအတွက်လည်း ဝိုင်းဝန်းထိမ်းသိမ်းကြရန်လိုပါကြောင်း၊ မိဘများအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းမှုရှိစေရေအတွက်လည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကွင်းလျားကျေးရွာမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စခန်းသွင်းလေ့ကျင့်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ထီး၊ မိုးကာ၊ ကျောပိုးအိတ်များကိုလည်းကောင်း ပေးအပ်ခဲ့ကြပြီး ဆရာ၊ ဆရာများနှင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်မာရေးဆိာင်ရာကိစ္စရပ်များအားတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ကျွန်းဒေါင့်ကျေးရွာသို့သွားရောက်၍ တောင်သူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြေပဲစိုက်တောင်သူများအနေဖြင့် မြေပဲစိုက်ပျိုးပြီးပါက ဆီထွက်သီးနှံပဲပုတ်ကိုလည်း စိုက်ပျိုးကြစေလိုကြောင်း၊ ပဲပုတ်စိုက်ပျိုးရန်လိုအပ်သည့် ရေရရှိရေး၊ မျိုးစေ့၊ နည်းပညာနှင့် သွင်းအားစုများရရှိစေရေးအတွက် ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တစ်နှစ်ပတ်လုံး စားသုံးဆီဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံစိုက်ပျိုးရာတွင် တစ်သီးမှနှစ်သီးအထိ စိုက်ပျိုးသွားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း” မှာကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် မူလတန်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘော့ပင်များပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ မကျည်းလဟာကျေးရွာ ဇိနာလင်္ကာရကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညိုခဲ့ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျောက်ထားခဲ့ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ဆေးဝါးများလှုဒါန်းခဲ့သည်။ ယင်းနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ “ပြည်ပသို့ပေါ်ဆန်းဆန်များ တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိသဖြင့် အနံ့အရသာနှင့်ပြည့်စုံသည့် ပေါ်ဆန်းဆန်ရရှိရေး စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ မကျည်းလဟာကျေးရွာအတွင်း လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယခုကဲ့သို့ပြည်သူများဖြင့်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့မည်ဖြစ်၍ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင်သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး အနည်းဆုံးစုစုပေါင်းရမှတ် (၃၅၀)မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင် အိုးမကွာ အိမ်မကွာ ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများကလည်း မိမိတို့၏ တပည့်သားသမီးများကို ထူးချွန်ထက်မြက်သူများဖြစ်အောင် သင်ကြားပြုစုပျိုးထောင်ရန် လိုအပ်ပါကြောင်း” မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ထီး၊ မိုးကာ၊ ကျောပိုးအိပ်များပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်ရေကြည်မြို့နယ်၊ ပန်းစံကွင်းကျေးရွာ၊ ဓါတုကင်းလွတ်ပေါ်ဆန်းနှင့် ရေဆင်းပေါ်ဆန်း ၁/၂ စိုက်ပျိုးမှုများကို ကြည့်ရှုအားပေးပြီး ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးရန်မှာကြားခဲ့သည်။