တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ခရိုင်ပေါင်းစုံဖိတ်ခေါ်ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီးဆုများချီးမြှင့်

ပုသိမ် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ခရိုင်ပေါင်းစုံဖိတ်ခေါ်ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ခရိုင်ပေါင်းစုံမှ အားကစားသမားများအား ဖိတ်ခေါ်၍ ယှဉ်ပြိုင်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အ နေဖြင့် လက်ရှိအားကစားနည်း(၁၀)နည်း ဝင်ရောက်ယှဉ်ပြိုင်ပြီးသည် အထိ အဆင့်(၂) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါကြောင်း၊ ဆုတံဆိပ်များ ရရှိအောင် စနစ်တကျ ရွေးချယ် သွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြသွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အသက်(၂၁)နှစ်အောက် ကာယဗလ ေမာင်ပြိုင်ပွဲ၊ (၆၀)ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲ ၊(၆၅)ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲ၊ (၇၀)ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲ ၊ (၇၀)ကီလိုတန်း အထက်ကာယဗလမောင်ပြိုင်ပွဲ၊ Men Sport Physique သရုပ်ပြသခြင်း၊ Men Sport Physique ပြိုင်ပွဲ၊ အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအေရိုးဗစ်အသင်းမှ (၉)ဦးတွဲ၊ (၃)ဦးတွဲနှင့် (၁)ဦးချင်းစိတ်ကြိုက် သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုပြုလုပ်ရာ အသက်(၂၁)နှစ်အောက် ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ (၆၀)ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားအား သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ (၆၅)ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားအားလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးလည်းကောင်း၊ (၇၀)ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားအား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ Men Sport Physique သရုပ်ပြသခဲ့သူအား ဂုဏ်ပြုချီးမြှင့်ငွေကိုတိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများနှင့် ဧရာဝတီတိုင်းဒေသကြီးအေရိုးဗစ်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ (၇၀)ကီလိုတန်းအထက် ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် Men Sport Physiqueပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားအားတိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးချီးမြှင့်ခဲ့ကြပြီး ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

12-Sep-2025