ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် အကောင်းဆုံး ခရိုင်၊မြို့နယ်၊ကျောင်းများ နှင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်
ပုသိမ် ဩဂုတ် ၂၇
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်အကောင်းဆုံး ခရိုင်၊မြို့နယ်၊ကျောင်းများ နှင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ပုသိမ်မြို့၊ အ.ထ.က (၆)မှ ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးထဲတွင် တိုင်းဒေသကြီးမှ ဝိပ္ပံဘာသာတွဲတွင် ၂ ဦး၊ ဝိဇ္ဇာဘာသာတွဲတွင် ၄ ဦး၊ စုစုပေါင်း ၆ ဦး ရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့်ဝင်သည့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေး အတွက် ကြိုးစားကြစေလိုကြောင်း၊ တိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေ ၈၅ ရာခိုင်နှုန်းရှိပြီးစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသူများဖြစ်ပါကြောင်း၊ မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်) ကို ဖွင့်လှစ်နိုင်တော့မည် ဖြစ်၍ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲတွင်သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး အနည်းဆုံး စုစုပေါင်းရမှတ် (၃၅၀)မှတ်နှင့်အထက် ရရှိသူများအနေဖြင့် ၎င်းတက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ ပညာသာလျှင် ဘဝကို ရှေ့ဆောင်လမ်းပြ ပြုပေးနိုင်ပါကြောင်း၊ ပညာက ဘဝအဆင့်အတန်း မြင့်မားစေပြီး လူ့ဘဝ၊ လူ့လောကကို ကောင်းကျိုး အထွေထွေ ပြုပေးသောအရာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် သားတို့သမီးတို့ ဘဝအတွက် အောင်မြင်မှုတွေရရှိအောင် ဆက်လက် ကြိုးစားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာရေးအတွက် တိုးတက်ပြောင်းလဲနေသည့် နည်းပညာသစ်များနှင့် ရင်ဘောင်တန်း နိုင်အောင် အသိပညာ၊ အတတ်ပညာ ကြွယ်ဝပြီး အမှားအမှန် ဝေဖန်ပိုင်းခြား သုံးသပ်နိုင်သော လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားကြရန်” ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်အဆင့်ပထမ၊ ဒုတိယ၊ တတိယနှင့် မြို့နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆု၊ နိုင်ငံအဆင့် တွင်ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပေးခဲ့သော ကျောင်းများ၊ အောင်ချက်အကောင်းဆုံး အခြေခံပညာအထက်တန်း ကျောင်းအဆင့်၊ အထက်တန်းကျောင်း (ခွဲ)အဆင့်နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းအဆင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းများ၊ ဝိဇ္ဇာဘာသာတွဲ၊ နိုင်ငံအဆင့်(၃)၊ တိုင်းဒေသကြီးအဆင့် (၁) (၄)ဘာသာဂုဏ်ထူးရှင်၊ ဝိဇ္ဇာဘာသာတွဲ၊ နိုင်ငံအဆင့်(၄)၊ တိုင်းဒေသကြီးအဆင့် (၂) (၄)ဘာသာဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲ၊ နိုင်ငံအဆင့်(၅)၊ တိုင်းဒေသကြီးအဆင့် (၁) (၅)ဘာသာဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲ၊ နိုင်ငံအဆင့်(၇)၊ တိုင်းဒေသကြီးအဆင့် (၂) (၅)ဘာသာဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ၊တိုင်းဒေသကြီးအဆင့် (၁) (၆)ဘာသာ ဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့် (၂) (၆)ဘာသာ ဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၃) (၆)ဘာသာ ဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၄) (၅)ဘာသာ ဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၃)၊ (၅)ဘာသာ ဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၄)၊ (၄)ဘာသာ ဂုဏ်ထူးရှင်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ နိုင်ငံအဆင့်(၆)၊ တိုင်းဒေသကြီးအဆင့် (၃) (၃)ဘာသာဂုဏ်ထူးရှင်၊ ဝိဇ္ဇာဘာသာတွဲ၊ နိုင်ငံအဆင့်(၉)၊ တိုင်းဒေသကြီးအဆင့် (၄) (၄)ဘာသာဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၅) (၆)ဘာသာ ဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၆) (၄)ဘာသာ ဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့် (၇) (၅)ဘာသာ ဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၈) (၅)ဘာသာ ဂုဏ်ထူးရှင် ၊ သိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၉) (၆)ဘာသာ ဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်( ၁၀)(၅)ဘာသာ ဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၅)၊ (၃)ဘာသာ ဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့် (၆) (၄)ဘာသာ ဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၇) (၄)ဘာသာ ဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့် (၈) (၄)ဘာသာ ဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့် (၉) (၄)ဘာသာ ဂုဏ်ထူးရှင်၊ ဝိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့် (၁၀) (၄)ဘာသာ ဂုဏ်ထူးရှင်၊ ဝိဇ္ဇာဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၅)၊ (၄)ဘာသာ ဂုဏ်ထူးရှင်၊ ဝိဇ္ဇာဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၆)၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၃) သိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၅) (၆)ဘာသာ ဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ၊ တိုင်းဒေသကြီးအဆင့်(၆) (၄)ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများနှင့် (၆)ဘာသာ၊ (၅)ဘာသာဂုဏ်ထူးရှင်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ထူးချွန်စွာအောင်မြင်ခဲ့ကြ သူများနှင့်(၅)ဘာသာဂုဏ်ထူးရှင်များ၊ (၄)ဘာသာဂုဏ်ထူးရှင်များကို ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့် ဇနီးကလည်းကောင်း၊ (၄)ဘာသာဂုဏ်ထူးရှင်များ၊ (၃)ဘာသာဂုဏ်ထူးရှင်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်တာဝန်ရှိသူ အသီးသီးကလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် နိုင်ငံကျော် အဆိုတော်သန်းထွန်းလေးနှင့် တေးသံရှင်များ၊ ကျောင်းသား၊ ကျောင်းသူလေးများ၏ သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းတနော်မြို့၊ Global Earth Agro Public Industry Co,.Ltd မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/ကျောင်းသူများအားချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် (၁)လလျှင် (၁)သိန်းကျပ်နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးအပ်ခြင်းအတွက် Global Earth Agro Public Industry Co,.Ltd ဥက္ကဋ္ဌ ဦးဌေးမြင့်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။ ဆက်လက်၍ ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူ များကိုယ်စား ထူးချွန်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ပုသိမ်မြို့၊ အ.ထ.က (၅)မှ ကျောင်းသား၊ ကျောင်းသူများက “ ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေမှုဖြင့် ရုပ်သိမ်းခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်းသိရသည်။