တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်သို့ တက်ရောက်ကြမည့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ်သို့ တက်ရောက်ကြမည့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ၂၀၂၅ခုနှစ် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ်သို့ တက်ရောက်ကြမည့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်ဖိုရမ်တက်ရောက်မည့် အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၅ခုနှစ် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်သို့တက်ရောက်ကြမည့် တိုင်းဒေသကြီးကိုယ်စားပြု လူငယ် ကိုယ်စားလှယ်များသည် အသိပညာဗဟုသုတပြည့်ဝရန် လေ့လာဆည်းပူးနေသူများ ဖြစ်ပါ ကြောင်း၊ ဆွေးနွေးရာတွင် မိမိတိုင်းဒေသကြီးနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း ထည့်သွင်းဆွေးနွေးနိုင်ရေးအတွက် ပြင်ဆင်သွားရန်လည်းလိုကြောင်း၊ ဆွေးနွေးမည့် ခေါင်းစဉ်များအလိုက် လေ့လာမှုအားကောင်းကောင်းဖြင့် ဆောင်ရွက်ရန်နှင့် ဆွေးနွေးရာတွင် ပရိသတ်ဆွဲဆောင်မှုရှိအောင် ထက်ထက်မြက်မြက်ဖြင့် အာဝဇ္ဇန်းရွှင်ရွှင် ဆွေးနွေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ကြရန်၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖော်ဆောင်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍအပါအဝင် ၂၀၂၅ခုနှစ် မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်တွင်ဆွေးနွေးကြရန်လိုကြောင်း” အမှာစကားပြောကြားပြီး တိုင်းဒေသကြီးကိုယ်စားပြုသွားရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

27-Aug-2025