တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ဘိလိယက်နှင့်စနူကာပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဩဂုတ် ၂၇

၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းဘိလိယက်နှင့်စနူကာအားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဘိလိယက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ စနူကာပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဖျာပုံခရိုင်၊ ဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်နှင့် တတိယဆုရရှိသည့် မအူပင်ခရိုင်မှအားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် မြောင်းမြခရိုင်မှ အားကစားသမားများအား ဆုတံဆိပ်၊ ငွေသားဆုများချီးမြှင့်ခြင်းနှင့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် အမှတ်အများဆုံးရရှိသည့် ပုသိမ်ခရိုင်အသင်းအား စုပေါင်းတံခွန်စိုက် ဆုဖလားချီးမြှင့်ခြင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုရအားကစားသမားများအား ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

27-Aug-2025