ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသား ရိုးရာခြင်းလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
ပုသိမ် ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသားရိုးရာခြင်းလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖျာပုံခရိုင်အသင်း၏ နောက်ဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခြင်းခတ်ကစားနေမှုနှင့် တိုင်းဒေသကြီးလက်ရွေးစင်အမျိုးသမီးအသင်းတို့၏ သရုပ်ပြခြင်းခတ်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ အကောင်းဆုံးကစားသမားဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုကို တိုင်းဒေသကြီးခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ တတိယဆုရရှိသည့် ဟင်္သာတခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မအူပင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း ဆုများ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသည့် ဖျာပုံခရိုင်အသင်းအား တစ်ဉီး တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် ဆုဖလားကိုလည်းကောင်း၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်ဒိုင်လူကြီးများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ခဲ့ပြီး ပထမဆု ရရှိသည့်အသင်းနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။