ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတက်ရောက်
ပုသိမ် ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိမ်းလဲ့ရေကြည်ခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာလာသူများ တွင်ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက် နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ နေရပ်စွန့်ခွာ ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံ ပြည်သူများကလည်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် အသက်၁၈နှစ်ပြည့်ပီးသူ မဲပေးခွင့်ရသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် တာဝန်ရှိသူများမှ စာရင်းများ မှန်ကန်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို အချက်အလက်များ စိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရန်၊ ယာယီနေရပ်စွန့်ခွာသူများ အနေဖြင့် ဧည့်စာရင်းတိုင်ကြားခြင်း၊ ရောက်ရှိ/ထွက်ခွာ သတင်းပေးပို့ခြင်းနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ စာရင်းဇယားများမှန်ကန်မှုရှိစေရေး စနစ်တကျ မှတ်တမ်းများဖြင့်ဆောင်ရွက်သွားရန်”မှာကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိ သူများနှင့်အတူ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား လူဦးရေစာရင်း ကောက်ယူခြင်းနှင့် ထောက်ပံ့ငွေပေးအပ်နေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများ ကြည့်ရှုအားပေးခဲ့သည်။