ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်စုပေါင်းရုံးတွင် ပြုလုပ်သည့် တွေ့ဆုံပွဲသို့ တက်ရောက်

ပုသိမ် ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်စုပေါင်းရုံးတွင် ပြုလုပ်သည့် တွေ့ဆုံပွဲသို့တက်ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယခုဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးရမည့် ကျေးရွာများကို အချိန်မီ မီးရရှိရေးအတွက် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ရန်၊ ကျေးရွာနေပြည်သူများ အနေဖြင့်လည်း ကျေးရွာမီးလင်းရေးကော်မတီကို စနစ်တကျဖွဲ့စည်းပြီး မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့်ပတ်သက်၍ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ကျွန်းရွှေဝါဘဲမွေးမြူရေး အထွေထွေသမဝါယမအသင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ ဆောင်ရွက်သည့် အင်းရဲကျွန်းဘဲမွေးမြူရေးလုပ်ငန်းအနေဖြင့် ဘဲပေါက်များစနစ်တကျ မွေးမြူဆောင်ရွက်ရန်နှင့် ဘဲကောင်ရေ တိုးချဲ့မွေးမြူရန်၊ အစာစနစ်မှန်ကန်မျှတစေရေး အလေးထားဆောင်ရွက်ရန်၊ စာရင်းဇယားများမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ဆောင်ရွက်ရန်” သယံဇာတရေးရာဝန်ကြီးနှင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက ကျေးလက်မီးလင်းရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက အင်းရဲကျွန်းဘဲမွေးမြူရေးနှင့် ပတ်သက်၍ လည်းကောင်းဆွေးနွေးတင်ပြချက်များနှင့် တွေ့ဆုံပွဲသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

22-Aug-2025