ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဓနုဖြူခံတပ်ဟောင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသော နှစ်ပေါင်း (၁၀၀) နှင့်အထက် သက်တမ်းရှိအဆောက်အအုံများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ပုသိမ် ဩဂုတ် ၂၂

ဓနုဖြူခံတပ်ဟောင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားသော နှစ်ပေါင်း (၁၀၀) နှင့်အထက် သက်တမ်းရှိအဆောက်အအုံများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူခံတပ်ဟောင်းကို ကြည့်ရှုစစ်ဆေးပြီးနောက် သဒ္ဓမ္မဇောတိကာရာမ ပါဠိတက္ကသိုလ် တောင်ပေါ်ကျောင်းတိုက် ပရဝဏ်အတွင်းရှိ စစ်သူကြီးမဟာဗန္ဓုလရုပ်ထုနှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်ထားသော နှစ်ပေါင်း (၁၀၀) နှင့်အထက် သက်တမ်းရှိသည့် အဆောက်အအုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်း သမိုင်းအမွေအနှစ်များ မပျောက်ပျက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများ ကိုမှာကြားခဲ့သည်။ ဆက်လက်၍ ပုဗ္ပာရုံကျောင်းတိုက်ဆရာတော်နှင့် မှန်ကင်းကျောင်းတိုက် ဆရာတော် တို့အား ဖူးမြော်ကြည်ညို၍ ဒေသဖွံ့ရေးလုပ်ငန်းများ၊ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ရှေးဟောင်း အဆောက်အအုံများ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိစ္စရပ်များကို တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

22-Aug-2025