ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁.၇.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟင်္သာတခရိုင်သည် အောင်ချက်အကောင်းဆုံး ခရိုင်ဖြစ်ပါကြောင်း၊ ဟင်္သာတမြို့နယ်အနေဖြင့် ယခင်နှစ်က (၃၀.၇၀)ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ယခုနှစ်တွင် (၃၃.၈၂)အောင်မြင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယခုလိုအောင်မြင်မှုများကို ဆက်လက်တည်တံ့အောင်နှင့် အောင်ချက်ရာခိုင်နှုန်းများ ယခုထက်မက ပိုမိုကောင်းမွန်လာအောင် ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများမှ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် အဆင့်မြင့်ပညာတွင် သင်ကြားရမည့် ဘာသာရပ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက်အောင် လေ့လာဆည်းပူးကြရမှာဖြစ်ပြီး အသိပညာ အတတ်ပညာများကို မိမိတို့ တတ်စွမ်းသမျှ လေ့လာသင်ယူကြရင်းနဲ၌ နိုင်ငံတော်အကျိုးကို ကျရာကဏ္ဍကနေ တာဝန်ထမ်းဆောင်သွားကြရန် အထူးအလေးပေး မှာကြားလိုကြောင်း ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ အောင်ချက်အကောင်းဆုံးကျောင်းဆု၊ အောင်ချက်အကောင်းဆုံး ကိုယ်ပိုင်အထက်တန်းကျောင်းဆုနှင့် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် (၆)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၈၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၆၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၄၇၁)ဦး၊ စုစုပေါင်း (၇၅၄)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

06-Jul-2018