ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်ဆုတံဆိပ်များရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအသင်းများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဩဂုတ် ၂၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအသင်းများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့သိုင်းအသင်းမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့သည့်မှတ်တမ်း ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိအောင် ကြိုးစားယှဉ်ပြိုင်နိုင်ခဲ့ကြပါကြောင်း၊ ၂၀၂၅ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယခုအချိန်အထိ ပြိုင်ပွဲအသီးသီးမှ ရရှိခဲ့သောဆုတံဆိပ်များအရ မိမိတို့တိုင်းဒေသကြီးသည် ဒုတိယနေရာတွင်ရပ်တည်လျက်ရှိပြီး ဆုတံဆိပ်များရရှိအောင် ဆောင်ရွက်ပေးကြသော ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သိုင်း၊ တိုက်ကွမ်ဒိုနှင့် ပိုက်ကျော်ခြင်းအားကစားအသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း” တိုက်တွန်းပြောကြားသည်။

ထို့နောက် ဂုဏ်ပြုဆုများကိုချီးမြှင့်ရာ မြန်မာ့သိုင်း အမျိုးသား(၅၇-၆၁)ကီလိုတန်း ဗန်တိုအတိုက် ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသား(၆၃-၆၈)ကီလိုတန်း ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ ပိုက်ကျော်ခြင်း အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ မြန်မာ့သိုင်း အမျိုးသား(၄၀-၄၅)ကီလိုတန်း ဓားတစ်လက်အတိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ မြန်မာ့သိုင်း အမျိုးသား(၅၀-၅၅)ကီလိုတန်း ဓားနှစ်လက်အတိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ မြန်မာ့သိုင်း အမျိုးသား (၅၃-၅၇)ကီလိုတန်း ဗန်တိုအတိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသား(၄၆)ကီလိုတန်း ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသား (၅၇-၆၂)ကီလိုတန်း ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူ၊ နည်းပြများအား ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က လည်းကောင်း ၊ မြန်မာ့သိုင်း အမျိုးသမီး(၅၇-၆၁)ကီလိုတန်း ဗန်တိုအတိုက် ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသမီး(၄၆-၄၉)ကီလိုတန်း ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသမီး(၆၂-၆၇)ကီလိုတန်း ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ ပိုက်ကျော်ခြင်း အမျိုးသမီး (၂)ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ ပိုက်ကျော်ခြင်း အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ မြန်မာ့သိုင်း (၂)ယောက်တွဲ လက်နက်မဲ့ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသမီး (၄၃-၄၆) ကီလိုတန်း ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသမီး(၄၉-၅၃)ကီလိုတန်း ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသမီး(၅၃-၅၇)ကီလိုတန်း ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ ပိုက်ကျော်ခြင်း အမျိုးသမီး(၄)ယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ အားကစားသမားများအား ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

20-Aug-2025