ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၉.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အလှူရှင်များနှင့်အတူ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေရာတွင် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲ၌ အင်္ဂပူမြို့နယ်၏ အောင်ချက်သည် (၄၁.၉၈)ရာခိုင်နှုန်းဖြင့် တိုင်းအဆင့် ဒုတိယရရှိခဲ့သည်ကို သိရှိရလို့ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယခုလို အောင်မြင်ခြင်းသည် တာဝန်ရှိသူအဆင့်ဆင့်၏ ကြီးကြပ်မှု၊ ဆရာ/ဆရာမများ၏ လုံ့လဝီရိယထားရှိပြီး သင်ကြားပြသမှု၊ ကျောင်းသား/သူများ၏ ကြီးစားမှု၊ မိဘများ၏ ပံ့ပိုးကူညီမှုများကြောင့်သာဖြစ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ယခုနှစ် အောင်မြင်မှုထက်သာလွန်အောင် ကိုယ်ပိုင်အရည်အသွေးများ ပိုမိုမြင့်မားလာအောင် ဖတ်မှတ်ပြီးအစဉ်လေ့ကျင့်နေကြရန် အထူးလိုအပ်ပါကြောင်း၊ ဆုရကျောင်းသား၊ ကျောင်းသူများမှလည်း နိုင်ငံတော်အတွက် အားကိုးအားထားပြုထိုက်သည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များဖြစ်အောင် အစဉ်ကြိုးစားကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လူရည်ချွန်ဆု၊ အောင်ချက်အကောင်းဆုံး ကျောင်းဆု၊ အောင်ချက်အကောင်းဆုံး ကိုယ်ပိုင်အထက်တန်းကျောင်းဆုနှင့် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၂၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၅၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃၂၅)ဦး၊ စုစုပေါင်း (၆၉၀)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးမှ မဲဇလီကုန်း လူမှုဝန်ထမ်း မူကြိုကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အလှူငွေ (၃၅)သိန်းကျပ်နှင့် မဲဇလီကုန်း တက်ဆိပ်ဘုန်းကြီးကျောင်း၊ တံခွန်တိုင် ဆောက်လုပ်ရေးအတွက် အလှူငွေ (၁၅)သိန်းကျပ်တို့အား ပေးအပ်လှူဒါန်းခဲ့ပါသည်။