ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းနှင့် ထူးချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အလှူရှင်များနှင့်အတူ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းနှင့် ထူးချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကြံခင်းမြို့နယ်၏ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် အောင်ချက်ရာခိုင်နှုန်း (၄၂.၆၉)ရာခိုင်နှုန်းဖြင့် တိုင်းဒေသကြီးအဆင့် ပထမရရှိခဲ့သည့်အတွက် တိုင်းဒေသကြီးအဆင့် (၄)နှစ်ဆက်တိုက် ပထမ ရရှိခဲ့သည့် မြို့နယ်ဖြစ်ပြီး (၆)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၅)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၇)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၂၄)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၅၃)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၅၄)ဦး၊ စုစုပေါင်းဂုဏ်ထူးရှင် (၂၄၄)ဦး ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ကြံခင်းမြို့နယ်မှ ထူးချွန်ကိုယ်ပိုင်ကျောင်းမှ (၇၇.၇၇)ရာခိုင်နှုန်းဖြင့် တိုင်းအဆင့် တတိယ ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီး၏ ပထမအဆင့်အား (၄)နှစ်ဆက်တိုက် ထိန်းသိမ်းထားနိုင်ခြင်းမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ ကူညီပံ့ပိုးမှု၊ မြို့နယ်ပညာရေးဌာနနှင့် ကျောင်းအုပ်ကြီးများ၏ အနီးကပ်စီမံခန့်ခွဲရေးကောင်းမွန်မှု၊ ဆရာ/ဆရာမများ၏ အလုပ်ကြိုးစားမှု၊ အသင်အပြကောင်းမွန်မှုနှင့် ကျောင်းသား/ကျောင်းသူများမှ ရိုးသားကြိုးစားမှုတို့၏ ရလာဒ်များပင် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကောင်းမွန်သော ကြံခင်းမြို့နယ်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရန်နှင့် လက်ရှိအဆင့်ထက် နိမ့်ကျမသွားအောင် စီမံချက်များရေးဆွဲ၍ အောင်ချက်ရာခိုင်နှုန်းကို ထိန်းသိမ်းထားရန် အထူးလိုအပ်ပြီး လာမည့် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်ကိုလည်း တိုင်းအဆင့်အောင်ချက် (၅)နှစ်ဆက်တိုက် ပထမရရှိရေး၊ ထိန်းသိမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး မိမိမြို့နယ်၏ အောင်ချက်ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် အထူးအလေးထား တိုက်တွန်းလိုကြောင်း၊ ပညာရေးအဆင့်မြင့်မားစေရန် ဆောင်ရွက်သကဲ့သို့ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ မိဘပြည်သူများအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ မြို့နယ်ဆု၊ ကျောင်းဆု၊ ကိုယ်ပိုင်ကျောင်းဆု၊ နဝင်းစေတနာပညာဒါနကျောင်းမှ အထူးဆုများ၊ ဘာသာရပ်သင် ဆရာ/ဆရာမများနှင့် ဂုဏ်ထူးရ ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးချီးမြှင့်ပေးအပ်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

02-Jul-2018