နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ(လက်ချည်ပွဲ) အခမ်းအနားတက်ရောက်၊စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး
ပုသိမ် ဇူလိုင် ၂၆
ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအ(လက်ချည်ပွဲ)ခမ်းအနားကို ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမတွင် ယနေ့နံနက်ပိုင်းကကျင်းပရာ ဆရာတော်သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးခွန်သန့်ဇော်ထူး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကရင်တိုင်းရင်သား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများက ကရင်ရိုးရာဒုံးယိမ်းအကဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်တို့က ဖားစည်(၉)ချက်တီး၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က “ယနေ့အခမ်းအနားသည် ကရင်တိုင်းရင်းသား အားလုံး၏ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားဖြစ်ပါကြောင်း၊ ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတွင် ယခုကဲ့သို့ မိမိတိုင်းရင်းသားများစုစုစည်းစည်း ပြန်လည်တွေ့ဆုံရသည်မှာ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ကရင်တိုင်းရင်းသားလူမျိုးသည် နိုင်ငံအတွင်း နေရာအနှံ့အပြား၌ နေထိုင်လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက် ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ထုံးတမ်းအစဉ်အလာများ မတူညီမှုများရှိသော်လည်း ညီညွတ်မှုရှိရှိ၊ စည်းလုံးမှုရှိရှိဖြင့် နေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် ယနေ့ခေတ်အချိန်အခါတွင် ပိုမိုအရေးကြီးလာပါကြောင်း၊ တိုင်းပြည်၏ အချုပ်အခြာအာဏာ၊ တည်ငြိမ်အေးချမ်းရေးကို ထိပါးနိုင်သည့်စိန်ခေါ်မှုများကို တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့်ဖြတ်ကျော်ကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူများနှင့် လက်တွဲညီညီဖြင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ သဘာဝဘေးအန္တရာယ်များအား လူမျိုး ဘာသာမခွဲခြားဘဲ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၂၅ခုနှစ်၊ နှစ်ကုန်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရာ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှု၊ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် အောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲသည် ကရင်တစ်မျိုးသားလုံးပိုင်ဆိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်ဖြစ်ပါကြောင်းနှင့် ဘာသာမရွေး၊ ဒေသမရွေးဘဲ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းေရး အတွက်လည်း တိုင်းပြည်၌နေထိုင်သည့် တစ်မျိုးသားလုံးအနေဖြင့် လူမျိုးစုံသွေးစည်းချစ်ကြည်ရေး၊ ပြည်ထောင်စုစိတ်အပြည့်ဖြင့်ဆောင်ရွက်ကြရန်တာဝန်ရှိပါကြောင်း” အဖွင့်နှုတ်ခွန်းဆက် အမှာစကားများပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက ဝါခေါင်လချီဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနား ကျင်းပကြသည့် ရည်ရွယ်ချက်မှာ ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး အန္တရာယ်အသွယ်သွယ်ကင်းဝေးစေရန် ချည်ဖြူဖြင့်နှောင်ပေးခြင်းဟု ယူဆကြပါကြောင်း၊ ဝါခေါင်လရောက်လျှင် ကွဲကွာနေကြသော ဆွေမျိုးများပြန်လည်ဆုံတွေ့ရေး၊ မိသားစုများပြန်လည်ဆုံစည်းရေး၊ အချင်းချင်း ချစ်ကြည် သွေးစည်းမှုခိုင်မာရေး၊ မကောင်းသောဝိဉာည်များ သွေးခွဲသွေးဆောင်ရာသို့ နားမရောင် စေရေး၊ ရိုးရာယဉ်ကျေးမှုများ မပျောက်ကွယ်ရေး၊ အသိပညာ၊ အတက်ပညာမြင့်မားပြီး လူနေမှုအဆင့်အတန်းမြင့်မားသည့် လူမျိုးအဖြစ် အစဉ်တည့်တံ့စေရေး၊ ကရင်လူမျိုးများ ကမ္ဘာတည်သ၍ တည်တံ့စေရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းမှာလည်းများစွာ အတုယူဖွယ် ကောင်းလှပါကြောင်း၊ ကရင်တိုင်းရင်သားတို့၏ ချည်ဖြူဖွဲ့မင်္ဂလာပွဲ အခမ်းအနားသည် ကရင်တစ်မျိုးသားလုံးအား ပြန်လည်စုစည်ပေးသည့်အခမ်းအနားဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများအားတစ်နေရာတည်းတွင် စုစုစည်းစည်းတွေ့ဆုံရသည်မှာ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြီးပြည်စုံသည်ဟု ဆိုရမှာဖြစ်ပါ ကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှ တိုင်းပြည်အေးချမ်းသာယာမည်ဖြစ်ပြီး တိုင်းပြည်အေးချမ်းမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“ ကရင်တိုင်းရင်းသား ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို နှစ်စဉ်အစဉ်လာမပျက် ကျင်းပလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းမှုအရှိဆုံး၊ မြေသယံဇာတ၊ ရေသယံဇာတနှင့် လူ့စွမ်းအားအရင်းအမြစ်များပေါကြွယ်ဝသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံပညာကျောင်းဖွင့်လှစ်မှုအများဆုံးနှင့် ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် စွမ်းအားရှိသလောက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် သား၊ ငါး၊ စားသုံးဆီဖူလုံရေးအတွက်လည်းတွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းတစ်ရပ်ဖော်ဆောင်၍ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်ဖြတ်ရမှာဖြစ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းမှုရှိစေရေး၊ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် ပြည်သူများအားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း”နှုတ်ခွန်းဆက်စကားများပြောကြားသည်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က“ကရင်လူမျိုးများအနေဖြင့် မိမိတို့၏ယဉ်ကျေးမှု ဓလေ့စရိုက်များကို သားစဉ်မြေးဆက် ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်းနှင့် လက်ဆင့်ကမ်း အမွေပေးကြရမည် ဖြစ်ပါကြောင်း၊ ကရင်တိုင်းရင်းသားရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသည် မိမိတို့၏ ယဉ်ကျေးမှုရိုးရာ အမွေအနှစ်များထဲမှ တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့၏ စာပေယဉ်ကျေးမှုအမွေအနှစ်များကို မထိန်းသိမ်းပါက တစ်နေ့တွင်လူမျိုးပါပျောက်ကြမည်ဖြစ်ပါကြောင်း၊ နောင်လာနောင်သားများ အနေဖြင့် မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ် အားသာချက်များကို ပို၍ကောင်းမွန်စေရန်နှင့် အားနည်းချက်များကိုလည်း ပြုပြင်ရှောင်ရှားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့လူမျိုး စည်းလုံးညီညွတ်ရေးမှသည် တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်ရေးသည် ပို၍အဓိကကျပါကြောင်း၊ ကရင်အမျိုးသား များအနေဖြင့် မိမိတို့လူမျိုးများ၏ ချစ်စရာကောင်းသည့် ရိုးသား၊ ကြိုးစားနေထိုင်တတ်ကြသည့် ဂုဏ်ပုဒ်များအပြင် အေးချမ်းပျော်ရွှင် ဧည့်ဝတ်ပျူငှာကျေပွန်တတ်သည့် ဂုဏ်ပုဒ်များကို ဆက်လက် ထိန်းသိမ်းနိုင်ကြပါစေကြောင်းနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာရေး ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက် ကြရန်”နှုတ်ခွန်းဆက်စကားများပြောကြားသည်။
ထို့နောက် ကျုံပျော်မြို့နယ်၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက ပြာမလော့ကျေးရွာကျောင်းတိုက် ဆရာတော် ဥူးဉာဏဇောတိ၊ ပုသိမ်မြို့နယ်၊ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး Bishop ဟင်နရီမန်းအိုင်ခလိန်တို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ချည်ဖြူဖွဲ့မင်္ဂလာ(စုပေါင်းလိပ်ပြာခေါ်ပွဲ) အကြောင်း စာတမ်းဖတ်ကြားကာ တိုင်းဒေသကြီးအဆင့် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာခေါ်ပွဲ)ကျင်းပရေးကော်မတီတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းလူငယ်များက ချည်ဖြူဖွဲ့ပစ္စည်းများသယ်ဆောင်ခြင်း၊ ချည်ဖြူဖွဲ့ပေးမည့် ဘိုးဘွား များအား စနစ်တကျခေါ်ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် ဧည့်သည်တော်များအား ဘိုးဘွားများက ကရင်ရိုးရာချည်ဖြူဖွဲ့ ပေးခဲ့ကြပြီး ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူများအားနေ့လယ်စာဖြင့်ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စု၊ တောင်သူဦးကျော်ကျော်ဦး၏ စိုက်ဧက(၅)ဧကတွင် အောင်နိုင်တိုးစပါးမျိုးအား ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးမှု၊ သွင်းအားစုများထည့်သွင်းရမှု၊ တစ်ဧကအထွက်နှုန်းနှင့်ဈေးကွက်ရရှိမှုအဆခြအနေများမေးမြန်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စိုက်ပျိုးရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရန်နှင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဓာတ်မြေဩဇာကြဲပက်ပွဲခြင်းနှင့် ပေါင်းလိုက်တမန်းနှိုးရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည် တောင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။