ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး

ပုသိမ် ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၊ အိမ်မဲမြို့နယ်နှင့် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တို့တွင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၊ သဲကုန်းကျေးရွာ၊ တောင်သူဦးရွှေပွား၏ စိုက်ဧက(၂)ဧကတွင် အောင်နိုင်တိုးစပါးမျိုးအား ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းနှင့် တောင်သူဦးစလားသာ၏ စိုက်ဧက(၃)ဧကတွင် ဆင်းသုခ စပါးမျိုးအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံ၍ “ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးအား စိုက်ပျိုး ရာတွင် စိုက်ဧက(၅၀)ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ပါကြောင်း၊ ယခုနှစ်သည် မိုးစပါးပန်းတိုင် အထွက်နှုန်း ရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်းနှင့် တစ်ဧကအထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ ကြဲခင်းစနစ်များ လျော့နည်းစေရေးအတွက် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက် များဖြင့်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ(Drum Seeder) များ၊ ကောက်စိုက်သမများဖြင့် တစ်ဧကကောက်ကွက်ပြည့်မီအောင် စနစ်တကျစိုက်ပျိုးခြင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်ရေးနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဆိတ်ချေးကုန်းကျေးရွာရှိ တောင်သူဦးအောင်သောင်း၏ စိုက်ဧက(၂)ဧကတွင် ပြုလုပ်သည့် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုး မျိုးစေ့ထုတ်စံပြစိုက်ခင်းအား မြေဆွေး(၃)ဆနှင့် ဓာတ်မြေဩဇာ (၁)ဆ အချိုးကျရောစပ်ကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက တောင်သူများအား အထွက်နှုန်းများတိုးတက်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကိုအခြေခံ၍ ဆောင်ရွက်ရမည့်အခြေအနေများ၊ ပိုက်ဆံလျှော်မြေခံထည့်သွင်း ဆောင်ရွက်မှုအခြေအနေများ၊ မြေဩဇာကိုထိရောက်မှုရှိစေရန်အတွက် အပင်ကြီးထွားမှု အဆင့် အလိုက်အချိန်ကိုက်အချိုးမှန်ဖြင့် အကြိမ်ကြိမ်ခွဲ၍ ကြဲပတ်ပေး ရမည့်အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရန်နှင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်” ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာအုပ်စု၊ တောင်သူဦးမြင့်သန်း၏ စိုက်ဧက (၀.၂၇၅)ဧကတွင်ပြုလုပ်သည့် ပေါ်ဆန်း (၁၁)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပေါ်ဆန်း (၁၁)မျိုး ယှဉ်ပြိုင်စမ်းသပ် ကွက်များအား မြို့နယ်အလိုက်စိုက်ပျိုးယှဉ်ပြိုင်၍ ခရိုင်အလိုက်ပြိုင်ပွဲများ ဆက်လက်ပြုလုပ် သွားမည့်အခြေအနေများရှင်းလင်းတင်ပြပြီး တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် စိုက်ဧက(၅၀) ရာခိုင်နှုန်းခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ပါကြောင်း၊ ယခုနှစ်သည် မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်းနှင့် တစ်ဧကအထွက်နှုန်းများ တိုးတက် ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပေါ်ဆန်းစပါးမျိုးများယှဉ်ပြိုင်စိုက်ပျိုးခြင့်ဖြင့် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမျိုးများ ရရှိ လာမည်ဖြစ်ပါကြောင်းနှင့် အောင်မြင်အောင်ဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

15-Jul-2025