ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အမှတ်စဉ်(၁/၂၀၂၅) ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌ပျော်ခရိုင်၊ ရေကြည်မြို့နယ်၊အမှတ်(၁၇)စက်မှုလယ်ယာစခန်း၌ အမှတ်စဉ် (၁/၂၀၂၅)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သည်နှင့်အညီ မိုးစပါး၊ နွေစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ယခုသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါးအထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ရိတ်သိမ်းခြွေလှေ့စက်များပေါ်လာပြီးနောက်ပိုင်း တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များကို အားထားလာပါကြောင်း၊ ရိတ်သိမ်းချွေလှေ့စက်များအသုံးပြုရာတွင်စက်မောင်းများက်ိုင်တွယ်ထိန်းသိမ်းမှုအားနည်းပါက စပါးအလေအလွင့်ရာခိုင်နှုန်းများသည်ကိုတွေ့ရှိရသဖြင့် စနစ်တကျမောင်းနှင်ထိန်းသိမ်းနိုင်‌ေရးအတွက် သင်တန်းများဖွင့်လှစ်ပို့ချ‌ေပးခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ မိုးစပါး၊ နွေစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေးဆောင်ရွက်ရာတွင် စနစ်တကျစံပြလယ်ယာမြေနှင့် အဆင့်မြင့်လယ်ယာမြေစနစ်များကို ဖော်ဆောင်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှပို့ချချက်များကို လိုက်နာမှတ်သား၍ လက်တွေ့နယ်ပယ်တွင်လည်း ထိရောက်စွာပြန်လည်အသုံးချကြစေလိုကြောင်း”အမှာစကားပြောကြားသည်။

ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာများက မိတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ အဆိုပါ သင်တန်းကို ယနေ့မှစ၍ နှစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ( ၃၀ )ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာအုပ်စုနှင့် သံဒင်းကျေးရွာအုပ်စုရှိ Beautiful ကုမ္ပဏီမှ မတည်လှူဒါန်း၍ ကျေးရွာ/သားများမှ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့သည့် သရက်ပင်လှကျေးရွာ-စံနီကျေးရွာကျေးရွာချင်းဆက် သစ်သားတံတား တံတားအရှည် (၃၂၀)ပေ၊ တံတားအကျယ် (၁၀)ပေရှိ သစ်သားတံတားအားကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းအပ်နှံတက်ရောက်မှု၊ အေးချမ်း‌ပျော်ရွှင်စွာ ပညာသင်ကြားနေမှုများအား မေးမြန်းခဲ့ကာ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ နတ်ကန်ကျေးရွာနှင့် ဘိုးထောင့်ကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူး(နတ်ကန်)တံတား တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် အင်တိုက်အားတိုက်ဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်မီရေးကို အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါတံတားသည် တံတားအမျိုးအစား သံကူကွန်ကရစ်ယက်မ+ကြမ်းခင်း၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ တံတားအရှည်(၃၀၀)ပေ၊ တံတားခန်းဖွဲ့စည်းပုံ(၆၀ပေ) ၅ ခန်း၊ တံတားအကျယ်ပေ(၂၀)ပေ၊ ရေလွတ်ကင်းလွတ်အမြင့်(၆)ပေ၊ ရေလမ်းကင်းလွတ်အကျယ်(၄၈)ပေ၊ ယာဉ်သွားလမ်းအကျယ်(၁၈)ပေ၊ လူသွားလမ်းအကျယ်တစ်ဖက်လျင်(၁)ပေစီ၊ ခွင့်ပြုယာဉ်အလေးချိန်(၃၆)တန်ရှိမည်ဖြစ်ပြီး ၎င်းတံတားပြီးစီးပါက ကျေးရွာ(၇၆)ရွာ၊ အိမ်ခြေ(၆၉၅၇)မှ လူဦးရေ(၂၇၀၁၄)ဦးအား အကျိုးရှိစေမည်ဖြစ်ပြီး လက်ရှိတွင် တံတားတစ်စင်းလုံးအနေဖြင့်(၈၃)ရာခိုင်နှုန်းပြီးစီပြီဖြစ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား/သင်တန်းသူများ အနေဖြင့် သင်တန်းမှ ပို့ချလိုက်သည့်သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပြီး ကျင်းပမည့်ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်( MEVM) စက်များ ကိုင်တွယ်အသုံးပြုမည့် မဲရုံဝန်ထမ်းများအား ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရမည်ဖြစ်သည့်အတွက် စနစ်တကျသေသေချာချာ အလေးအနက်ထား လေ့လာသင်ယူမှတ်သားကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်‌၍ အထူးကြပ်မတ်ဆောင်၊ အမျိုးသားဆောင်၊ ကလေးလူနာဆောင်များတွင် ဆေးတက်ရောက်ကုသနေသည့် ပြည်သူများအား တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

14-Jul-2025