ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သင်တန်းအမှတ်စဉ် (၁၈)သင်တန်းဆင်းပွဲနှင့် သင်တန်းအမှတ်စဉ်(၁၉)သင်တန်းသားအသစ်ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီးကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သင်တန်းအမှတ်စဉ် (၁၈)သင်တန်းဆင်းပွဲနှင့် သင်တန်းအမှတ်စဉ်(၁၉) သင်တန်းသားအသစ်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည်ညိုခဲ့သည်။

ဦးစွာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်း အနားကို ဖွင့်လှစ်ခဲ့ပြီးနောက် ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီး ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ် တို့ထံမှ မေတ္တာသုတ်ပရိတ်တရားတော်အား ဆက်လက်နာယူကြည်ညိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းအုပ်ချုပ်မှု နာယက ဆရာတော်ကြီးများ၊ ကျောင်းအုပ်၊ ကထိက၊ နည်းပြဆရာတော်ကြီးများနှင့် သင်တန်းသား များအား နဝကမ္မဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ချုပ်ရေးနာယက၊ တိုင်းဒေသကြီးသံဃ နာယကအဖွဲ့၊ ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော်(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာ ထေရ်အရှင်သူမြတ်က သင်တန်းသားသံဃာတော်များအား ဩဝါဒကထာချီးမြှင့်တော်မူပြီးနောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိဿရ (မဟာသဒ္ဓမ္မဇောတိကဓဇ)၊ MA.Ph.D(India)အရှင်သူမြတ်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရ သင်တန်းသားသံဃာတော်များအား ဂုဏ်ပြုလွှာနှင့် သင်တန်းဆင်းဒီပလိုမာဘွဲ့လက်မှတ်များကိုဆက်ကပ်ခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ကသင်တန်းဆင်းသံဃာတော်များအား သင်တန်းဆင်း ဒီပလိုမာဘွဲ့လက်မှတ်များ ဆက်လက်ဆက်ကပ်ခဲ့သည်။ ယင်းနောက် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ချုပ်ရေးနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဂန္ထဝါစကပဏ္ဍိတ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း အုပ်ချုပ်မှုနာယကဆရာတော်ကြီးများ၊ ကျောင်းအုပ်၊ ကထိက၊ နည်းပြဆရာတော် ကြီးများ၊ သင်တန်းသားများနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသင်တန်းအမှတ်စဉ်(၁၈)တွင် ကျောင်းထိုင်သင်တန်းဆင်း သာသနာပြုရဟန်းတော် (၃၀)ပါး သင်တန်းဆင်း အောင်မြင်တော်မူခဲ့ပြီး သင်တန်းအမှတ်စဉ်(၁၉)တွင်သင်တန်းသားအသစ်သံဃာတော်(၃၅)ပါး တက်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

 

04-Jul-2025