ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၂၄)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်စာစီစာကုံးပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေး

ပုသိမ် ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ပုသိမ် တက္ကသိုလ်၊ မြတ်လေးဆောင်တွင်ပြုလုပ်သည့် ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့က ကြီးမှူးကျင်းပသည့် (၂၄)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အဆင့်မြင့် ပညာအဆင့် စာစီစာကုံးပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဘွဲ့ကြိုသင်တန်းနှင့် ဘွဲ့လွန်သင်တန်းများမှ ပြိုင်ပွဲဝင်များယှဉ်ပြိုင်ရမည့်ခေါင်းစဉ်များကို မဲနှိုက် ရွေးချယ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စာစီစာကုံးယှဉ်ပြိုင်နေမှု များကိုကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပုသိမ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊ နည်းပညာတက္ကသိုလ်(ပုသိမ်)တို့မှ ဘွဲ့ကြို သင်တန်းသား(၈၉)ဦး၊ ဘွဲ့လွန်သင်တန်းသား (၂၇)ဦး၊ စုစုပေါင်း(၁၁၆)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။