ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၅၆ပညာသင်နှစ် လက်မှတ်ရ စီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် ဇွန် ၁၇

ဧရာဝတီတိုင်းဒေကြီး၊ ပုသိမ်မြို့၊ သမဝါယမစာရင်းရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပုသိမ်မြို့၊ သမဝါယမစာရင်းရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်ကျောင်းအနေဖြင့် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး အခြေခံပညာ Grade-9 အောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများအတွက် စာရင်းရေးစာရင်းကိုင်ပညာဖြင့်အသက်မွေးဝမ်းကျောင်း ပြုနိုင်စေရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ပညာရေးဝန်ကြီးဌာနအခြေခံပညာ အထက်တန်းအဆင့် Grade 10 , Grade 11, Grade 12 တို့တွင် သင်ကြားသည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များအပြင် ပညာရေးဝန်ကြီးဌာန အမျိုးသား သင်ရိုး ညွှန်းတမ်းကော်မတီ၏ အသိအမှတ်ပြုခွင့်ပြုချက်ရရှိထားပြီဖြစ်သည့် Accounting ဘာသာရပ် များနှင့် ကွန်ပျူတာဘာသာရပ်များကို Major ဘာသာရပ်များအဖြစ်သင်ကြားပေးလျက်ရှိ ပါကြောင်း၊ သင်တန်းကာလအတွင်း စာတွေ့လက်တွေ့လုပ်ငန်းခွင်ဝင်ရန် အသင့်ဖြစ်စေရန် အတွက် Internship Program များနှင့် ကုမ္ပဏီ၊ စီးပွားရေးအသင်းအဖွဲ့များတွင် သွားရောက်ကွင်းဆင်း လေ့လာသင်ကြားနိုင်အောင် တစ်ပါတည်းထည့်သွင်းဆောင်ရွက် သင်ကြားပေးလျက်ရှိသည့်အပြင် သင်တန်းပြီးမြောက်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ သမဝါယမ အသင်းအဖွဲ့များကိုဖိတ်ခေါ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး မိတ်ဆက်အခမ်းအနားများကိုပါ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် သင်တန်းစတင်ဖွင့်လှစ် သည်မှ ၂၀၂၄-၂၀၂၅ပညာသင်နှစ်အထိ သင်တန်းပြီးမြောက်အောင်မြင်ပြီး စာရင်းရေး စာရင်းကိုင် ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သူ (၄၀၃) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်းနှင့် သင်တန်းပြီးမြောက်အောင်မြင်သူများကို လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ Certificate in Business Accounting အောင်လက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ အောင်မြင်သူများအနက် (၆၂)ဦးသည် ထူးချွန်စွာအောင်မြင်ခဲ့ပြီး သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့သို့ပေါင်းကူးတက်ရောက်ခွင့် ရရှိခဲ့ပြီဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်အောင်မြင်သူ (၃၄၁)ဦးသည် ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ သမဝါယမအသင်းအဖွဲ့များတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခဲ့ပြီဖြစ်ပါကြောင်း၊ ဆရာမများအနေဖြင့်လည်း သတင်း အချက်အလက်ကြွယ်ဝပြီး စဉ်ဆက်မပြတ်ပြောင်းလဲသောပတ်ဝန်းကျင်တွင် သင်တန်းသား၊ သင်တန်းသူများကို ထိထိရောက်ရောက်သင်ကြားပေးနိုင်ရန်အရေးကြီးပါကြောင်း၊ သင်တန်းသား များအနေဖြင့်လည်း သင်တန်းပြီးဆုံးအောင်တက်ရောက်၍ သင်တန်းကျောင်းမှ သင်ကြားပေးသည့် သက်မွေးပညာရပ်များကို အထေးထားလေ့လာသင်ယူသွားကြစေလိုကြောင်း” ပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအား ပြဋ္ဌာန်းစာအုပ်များကို ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ဖျာ၊ ခြင်ထောင်များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက် ဥက္ကဋ္ဌက သင်တန်းသား၊ သင်တန်းသူများ စားသောက်စရိတ်အတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းသားအိပ်ဆောင် ဆောက်လုပ်ပြီးစီးမှု အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို အိပ်ဆောင်သန့်ရှင်းသပ်ရပ်စေရေး၊ ပရိဘောဂများပြည့်စုံစွာထားရှိစေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

17-Jun-2025