တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်မြို့ သောင်ကြီးနှင့်အင်းသောင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူးတံတား(အင်းသောင်ကြီးတံတား)(၃၀၀)ပေ တည်ဆောက်မည့်နေရာအားကြည့်ရှုစစ်ဆေး

ပုသိမ် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးနှင့် အင်းသောင်ကြီး ကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူးတံတား(အင်းသောင်ကြီးတံတား) (၀/၀မိုင်-၀/၄မိုင်)ကြား၊ ကွန်ကရစ်တံတား (၃၀၀)ပေ တည်ဆောက်မည့်နေရာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ပုသိမ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တံတားစီမံကိန်းဆိုင်ရာအချက်အလက်အလက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်မှာကြားခဲ့သည်။ အဆိုပါ ဒါးကချောင်းကူးတံတား(အင်းသောင်ကြီးတံတား) အမျိုးအစားမှာ အပေါ်ထည်သံကူကွန် ကရစ်ယက်မ+ကြမ်းခင်း၊ ကိုယ်ထည် သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ အုတ်မြစ် 0.8 Bored pile Foundation၊ တံတားအရှည် ၉၁.၄၄ မီတာ (၃၀၀ ပေ)၊ တံတားခန်းဖွင့်ဖွဲ့စည်းပုံ (၆၀ ပေ × ၅ ခန်း)၊ တံတားအကျယ် ၆.၁ မီတာ (၂၀ ပေ)၊ ရေလမ်းကင်းလွတ်အမြင့် ၁.၈၃မီတာ (၆)ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၄.၆၃ မီတာ (၄၈ ပေ)၊ ယာဉ်သွားလမ်းအကျယ် ၅.၅ မီတာ (၁၈ ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင်(၁)ပေစီနှင့် ခွင့်ပြုယာဉ်အလေးချိန် HS-20-44ရှိမည် ဖြစ်ကြောင်းသိရသည်။

15-Jun-2025