ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲတွင်ပြုလုပ်သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်းအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ အလားတူ ဟင်္သာတ ခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ဝန်ထမ်းများကစုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်း(၆၁)ဦးတို့က စုပေါင်းသွေးလှူဒါန်း ခဲ့ကြပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိသည့် ပုသိမ်မြို့၊ စန္ဒာရုံပရိယတ္တိ စာသင်တိုက်၊ မူလဒွါရဂိုဏ်း၊ ဗဟိုဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ တိုင်းဒေသကြီးသံဃမဟာနာယကအဖွဲ့ (မူလဒွါရ) ဩဝါဒါစရိယ၊ ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ၊ သက်တော်(၇၈)နှစ်၊ ဝါတော်(၅၈)ဝါ အရှင်သူမြတ်အား သွားရောက်ဖူးမြှော်ကြည်ညို၍ ဆေးကုသခံယူမှုအခြေအနေများ၊ ဆရာတော် ကြီး၏ ကျန်းမာရေးကောင်းမွန်သက်သာလာမှု အခြေအနေများအား မေးမြန်းလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများ ဆက်ကပ်လှူဒါန်းကာ ပုသိမ်ပြည်သူ့ ဆေးရုံကြီးမှ တာဝန်ရှိသူများအား ဆရာတော်ကြီး၏ ကျန်းမာရေးအတွက် လိုအပ်သည်များကို အလေးထား စောင့်ရှောက်ပေးရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင်တွင် သီတင်းသုံး၍ ဆေးကုသမှုခံယူ လျက်ရှိသည့် ပုသိမ်မြို့၊ စန္ဒာရုံပရိယတ္တိ စာသင်တိုက်၊ မူလဒွါရဂိုဏ်း၊ ဗဟိုဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ တိုင်းဒေသကြီးသံဃမဟာနာယကအဖွဲ့ (မူလဒွါရ) ဩဝါဒါစရိယ၊ ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ၊ အရှင်သူမြတ်သည် ကျန်းမာရေးကောင်းမွန် သက်သာလာပြီဖြစ်ပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများမှ အနီးကပ်ပြုစု စောင့်ရှောက်ပေးလျက် ရှိပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်သူ့ဆေးရုံကြီးတွင် လာရောက်ဆေးကုသမှုခံယူကြသည့် အထွေထွေရောဂါဝေဒနာရှင်များအား နှုတ်ဆက်အားပေး စကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

12-Jun-2025