ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၅၊ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၅
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဇွန်လ (၅) ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြပြီး နှစ်စဉ် အထိမ်းအမှတ်အခမ်းအနား ကျင်းပလာခဲ့သည်မှာ ၂၀၂၅ ခုနှစ်တွင်“၅၂” နှစ်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ယနေ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” “Ending Plastic Pollution Globally"ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်း နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း (၄၃၀) ကျော်ထုတ်လုပ်နေပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံသည် စွန့်ပစ်ပစ္စည်း ဖြစ်လာကာ နောက်ဆုံးတွင် မြစ်ချောင်းနှင့် ပင်လယ်သမုဒ္ဒရာများထဲသို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် လူသားတို့၏ အစာကွင်းဆက်အထိ ရောက်ရှိလာကာ သက်ရှိများ၏ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေလျက်ရှိပါကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာမြေကြီးအတွက် စိုးရိမ်ဖွယ်စိန်ခေါ်မှုတစ်ရပ် ဖြစ်သော်လည်း ဖြေရှင်းနိုင်သည့် နည်းလမ်းများမှာ လူသားအားလုံး၏ လက်ဝယ်တွင်သာရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးအတွက် ၂၀၂၄ ခုနှစ်တွင် ချောင်းသာကမ်းခြေနှင့် ၂၀၂၅ခုနှစ်တွင် ငွေဆောင်ကမ်းခြေတို့၌ အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ပလတ်စတစ်အမှိုက်ထွက်ရှိမှု လျှော့ချရေးအတွက် သဘာဝနှင့်ကိုက်ညီသည့် ပလတ်စတစ် အစားထိုးပစ္စည်းများ သုံးစွဲသည့် အလေ့အထ ဖြစ်ထွန်းလာစေရန် တိုင်းဒေသကြီးအတွင်းရှိ ဈေးများနှင့် လူစည်ကားသည့်နေရာများတွင် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပလတ်စတစ်အစားထိုးအိတ်များ ဖြန့်ဝေခြင်းတို့အား အပတ်စဉ်တနင်္လာနေ့တိုင်း စည်ပင်သာယာရေးအဖွဲ့တို့ နှင့်ပူးပေါင်း၍ဆောင်ရွက်ခြင်း၊ မြစ်ချောင်းများ၌ ပလတ်စတစ်ညစ်ညမ်းမှုမရှိစေရန်အတွက် ရေယာဉ်များပေါ်တွင် ပိုစတာများကပ်ခြင်းနှင့် ခရိုင်၊မြို့နယ်၊ ကျေးရွာများ၊ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများတွင် ဟောပြောပွဲများ ကျင်းပခြင်း၊ စုပေါင်းအမှိုက်ကောက်ပွဲများ ကျင်းပခြင်းတို့ကို အစိုးရဌာနများ၊ NGOများနှင့်အများပြည်သူများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်းပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” “Ending Plastic Pollution Globally” ဆိုသည့်အတိုင်း ပလတ်စတစ် ညစ်ညမ်းမှု ကင်းစင်ရေးလုပ်ငန်းများအား အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အစိုးရအဖွဲ့အစည်းများ၊စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများအားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် ကုလသမဂ္ဂ ထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် ဗီဒီယို၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးဗီဒီယို ပြသမှုများကိုကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင်းပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ ပထမဆု၊ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာ ပထမဆု၊ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောစက်ရုံပထမဆု၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့်(ပထမဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အလယ်တန်းအဆင့် (ပထမဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း မူလတန်းအဆင့် (ပထမဆု)နှင့် ၂၀၂၅၊ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့် (ဒုတိယဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အလယ်တန်းအဆင့် (ဒုတိယဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း မူလတန်းအဆင့် (ဒုတိယဆု)နှင့် ၂၀၂၅၊ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့် (တတိယဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အလယ်တန်းအဆင့် (တတိယဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း မူလတန်းအဆင့် (တတိယဆု)နှင့် ၂၀၂၅၊ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တတိယဆုရရှိသူများကို သယံဇာတရေးရာ ဝန်ကြီးကလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဂုဏ်ပြုဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ ၂၀၂၅၊ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားအရှေ့ကျေးရွာရှိ တောင်သူဦးဆန်းဦး၏ မိုးစပါးစိုက်ဧက(၃)ဧကတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည်ထိုးထည့်သွင်းခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မြေဆီလွှာများ ပြန်လည်ကောင်းမွန်ရေး၊ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာတိုးတက်ကောင်းမွန်လာမှု၊ ဓာတ်မြေဩဇာများလျော့ချသုံးစွဲနိုင်မှု၊ အထွက်နှုန်းတိုးတက်လာမှုများအား နှစ်အလိုက်မှတ်တမ်းများထားရှိရန်နှင့် သစ်စိမ်းမြေဩဇာထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည်ထိုးထည့်သွင်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအားသွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် Bored Pile အခြေပြုကျောက်စီတမံအလျား ၂၅၀ ပေ ဆောင်ရွက်ထားရှိမှု အခြေအနေအားလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် Bored Pile အခြေပြုကျောက်စီတမံအလျား ၅၀ ပေ ဆက်လက်ဆောင်ရွက်မည့်အခြေအနေအားလည်းကောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် Bored Pile အခြေပြုကျောက်စီတမံအလျား ၈၅၀ ပေ တစ်ဆက်တစ်စပ်တည်းဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများအားလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောင်ရွက်ပြီးကမ်းထိန်းတမံများ မိုးရာသီရေများချိန်တွင် ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ဂရုပြုစောင့်ကြည့်ရန်၊ ဆက်လက်ဆောင်ရွက်မည့်ကမ်းထိန်းတမံများ ရေရှည်တည်တံ့စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကမ်းထိန်းလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် တာဝ-ပါလှဲ့-ကုက္ကိုဝတာ အရှည် (၁)မိုင်၊ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာရေရှည်တည်တံ့စေရေးအတွက် တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကုက္ကိုဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ ကျောင်သား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံတက်ရောက်မှုအခြေအနေများ၊ ဆရာ၊ ဆရာမ အင်အားစာရင်းနှင့် လျာထားကျောင်းသားအင်အားပြည့်မီရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စဉ်ဆက်မပြတ် အတန်းစဉ် ကူးပြောင်းစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရေး၊ လျာထားကျောင်းသားအင်အား ပြည့်မီရေး အတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရေး၊ စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးနှင့် ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကုက္ကိုဝကျေးရွာ၊ ရတနာသိပ္ပံကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအားတင်ပြလျှောက်ထားခဲ့ပါသည်။