ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကျောင်းအပ်နှံနေမှုများကိုကြည့်ရှုအားပေး

ပုသိမ် ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် မေလ ၂၂ရက်နေ့မှစတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်စတင်လက်ခံလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ အတန်းစဉ်အလိုက်ကျောင်းအပ်လက်ခံနေမှုများနှင့် စာသင်ဆောင်များစနစ်တကျပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသားသူများ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရေး၊ လျာထားကျောင်းသားအင်အား ပြည့်မီရေးအတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရေး၊ စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများကောင်းမွန်ရေး၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများစုံလင်စွာထားရှိရေး၊ မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးနှင့် ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွင် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များပေါက်ဖွားနိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက် ရောက်စေရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများပေးအပ်ခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(‌၉) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ အတန်းစဉ်အလိုက် ကျောင်းအပ်လက်ခံနေမှုများ၊ ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ဆောင်များတွင် စာသင်ခုံများစနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရေး၊ လျာထားကျောင်းသားအင်အား ပြည့်မီရေးအတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းပတ်ဝန်းကျင်စ်မ်းလန်းစိုပြေရေးနှင့် ကျောင်းအား ကစားကွင်းအဆင့်နှင့် လျော်ညီစွာအသုံးပြုနိုင်ရေးတို့မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများပေးအပ်ခဲ့သည်။

01-Jun-2025