ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပ်ြုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် အောင်ပွဲရဧရာဝတီတိုင်းဒေသကြီးလှေလှော်အသင်းအား ဂုဏ်ပြုကြိုဆို

ပုသိမ် မေ ၃၀

၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပ်ြုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် ဆုပေါင်းတံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် အောင်ပွဲရဧရာဝတီတိုင်းဒေသကြီးလှေလှော်အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အောင်ပွဲရအားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ ရှေ့တွင် ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် အောင်ပွဲရ ဧရာဝတီတိုင်းဒေသကြီးလှေလှော်အသင်းအား ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက်ဂုဏ်ပြုချီးမြှင့်ပွဲကို ဧရာရွှေဝါခန်းမတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့သည့် အားကစားသမားများ၏ ပါဝင်ယှဉ်ပြိုင်ခဲ့မှု vedio clip အား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲမှ ရရှိခဲ့သည့် အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားတို့အား တာဝန်ရှိသူများက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ အပ်နှံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယနေ့အခမ်းအနားသည် ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပ်ြုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တံခွန်စိုက်ဆုဖလားများရရှိခဲ့သည့် အောင်ပွဲရဧရာဝတီတိုင်းဒေသကြီးလှေလှော်အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရိုင်ပေါင်းစုံလှေလှော်ပြိုင်ပွဲမှ ထူးချွှန်သော အားကစားသမားများကို ရွေးထုတ်၍ စခန်းသွင်းလေ့ကျင့်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်အားကစားရာသီတွင် လှေလှော်ပြိုင်ပွဲကို ပထမဦးစွာ ယှဉ်ပြိုင်ကျင်းပခြင်းဖြစ်ပြီး ရာသီအစပိုင်းမှစ၍ တံခွန်စိုက်ဆုဖလားများ ရယူပေးခဲ့ကြသည့် တိုင်းဒေသကြီးလှေလှော်အသင်းအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ လှေလှော်အသင်းမှ ဆုဖလားများရရှိသည်ကို စံပြနမူနာယူ၍ အခြားအားကစားနည်းများမှ အားကစားသမားများကလည်း ဆုဖလားများရအောင် ကြိုးစားယှဉ်ပြိုင်ကြ‌စေ လိုပါကြောင်း၊ လှေလှော်အားကစားနည်းသည် တိုင်းဒေသကြီး၏ဂုဏ်ကိုမြှင့်တင် ပေးရုံသာမက ယခင်ကပင် နိုင်ငံ၏ဂုဏ်ကိုဆောင်သော နိုင်ငံကိုယ်စားပြုအားကစားသမားများ ပေါ်ထွက်ခဲ့သည့် အားကစားနည်းဖြစ်ပါကြောင်း၊ ဆုတံဆိပ်များ ရရှိအောင် ဆောင်ရွက်ပေးကြသော ဧရာဝတီတိုင်းဒေသကြီး လှေလှော်အသင်းမှ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ အားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ အားကစားမောင်မယ်များအနေဖြင့် အားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်အနိုင်ယူခဲ့ကြသည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း” ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရွှေတံဆိပ်ဆု(၄)ခုအတွက် ဂုဏ်ပြုဆုငွေ ကျပ်(၁၂၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ငွေတံဆိပ်ဆု(၄)ခုအတွက် ဂုဏ်ပြုဆုငွေကျပ်(၆၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်ချီးမြှင့်ရာ အောင်ပွဲရအားကစားသမားများကိုယ်စား အားကစားသမားများက လက်ခံရယူခဲ့ကြသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလှေလှော်နည်းပြချုပ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပ်ြုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် အောင်ပွဲရဧရာဝတီတိုင်းဒေသကြီးလှေလှော်အသင်းအား ဂုဏ်ပြုစား‌သောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ကြသည်။ ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား(၈)မျိုး ထည့်သွင်း ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး လှေလှော်အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၄)ခုရရှိခဲ့ပြီး အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားတို့ကို ရရှိခဲ့‌ခြင်းဖြစ်သည်။

30-May-2025