ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ် (၃)မိုင်မြို့ရှိ အခြေခံပညာနှင့် စက်မှု စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းအပ်လက်ခံမှုများ ကြည့်ရှုအားပေး၊ ဆရာဆရာမများနှင့်တွေ့ဆုံ

ပုသိမ် မေ ၃၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လပွတ္တာမြို့နယ် (၃)မိုင်မြို့ရှိ အခြေခံပညာနှင့် စက်မှု စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအပ်လက်ခံမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အခြေခံပညာ၊ စက်မှု၊ စိုက်ပျိုးေရး၊ မွေးမြူရေး ဘာသာရပ်များအလိုက် ကျောင်းအပ်လက်ခံနေမှုများအား ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ စက်မှုစိုက်ပျိုးမွေးမြူရေးနှင့် သက်ဆိုင်သော ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများကောင်းမွန်ရေး၊ သင်ထောက်ကူပစ္စည်းများစုံလင်စွာထားရှိရေး၊ Grade-9 အောင်မြင်သောကျောင်းသားကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများတွင်တက်ရောက်နိုင်ရေး အသိပညာပေး စည်းရုံး ဆောင်ရွက်ကြရန်၊ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ နယ်ဝေးမှ လာရောက်ပညာသင်ကြားကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် နေ ထိုင် စား သောက်မှုများ အဆင်ပြေမှုရှိစေရေး၊ မိုးတွင်းကာလ သွေးလွန်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းရေးကြိုးပမ်းဆောင်ရွက်သွားကြရန်" တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေများအား ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့်ကျောင်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်ပညာရေးမှူးရုံးသို့သွားရောက်၍ လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အတန်းအလိုက် ကျောင်းအပ်နှံမှုအခြေအနေများ၊ ယခင်နှစ်ကျောင်းတက်ရောက်မှုနှင့် ယခု၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံမှုအခြေအနေများ၊ ကျောင်းသား ကျောင်းသူများ စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းမှုများ၊ ယာယီနေရပ်စွန့်ခွာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုအခြေအနေများ၊ လပွတ္တာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှဦးဆောင်၍ ပညာရေးဌာနမှဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံတက်ေရာက်နိုင်ရေးအတွက် ကွင်းဆင်းစည်းရုံးဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဆရာ၊ ဆရာမများသည် မိမိတို့၏ တပည့်ကျောင်းသား၊ ကျောင်းသူများအား အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး ပညာတတ်လူငယ်ေမာင်မယ်များဖြစ်ေအာင် မွေးထုတ်ပေးကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် အခြေခံပညာကျောင်းဖွင့်လှစ်မှု ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာနှင့် စက်မှု စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများတွင်လည်း ကျောင်းသားကျောင်းသူများ လာရောက်အပ်နှံတက်ေရာက်ေစပညာေပးရေးစည်းရုံးသွားရန်နှင့် အဆိုပါအထက်တန်းကျောင်းတွင် အခြေခံပညာနှင့် စက်မှု စိုက်ပျိုးမွေးမြူရေးပညာများကို (၃)နှစ်ကြာ သင်ကြားပို့ချပေးပြီး တက်ရောက်အောင်မြင်ပြီးပါက ဘာသာရပ်များ အလိုက် သက်ဆိုင်ရာတက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများကို စာပေ၊ ဂီတ၊ အားကစား ကဏ္ဍအလိုက် ဘက်စုံထူးချွှန်သူများဖြစ်အာင် ပြုစုပျိုးထောင် ေပးကြရမည်ဖြစ်ေကြာင်း”ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လပွတ္တာမြို့နယ်၊ ရွေးကျေးရွာအုပ်စု၊ ချောင်းကျိုးကျေးရွာရှိ အ.မ.က(ချောင်းကျိုး)ကျောင်းတွင် မေလ ၂၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခက်မှုကြောင့် အမိုးလန် ပျက်စီးသွားသော ကျောင်းဆောင်အား ကျောင်းဖွင့်ချိန်အမီ ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ကုန်ကျငွေ (၁၂၀၀၀၀၀)(တစ်ဆယ့်နှစ်သိန်းကျပ်)ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လပွတ္တာမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ရှင်စောမြတ်စေတီတော်မြတ်ကြီးသို့သွားရောက်၍ ပန်း၊ ရေချမ်းနှင့်ဆီမီးများကပ်လှူပူဇော်ကာ စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာအုပ်စုရှိ အားမာန်သစ်ရေချိုပုစွန်မွေးမြူရေးလုပ်ငန်းသို့သွားရောက်၍ ရေချိုပုစွန်မွေးမြူရေးကန်ပိုင်ရှင်က ပုစွန်သားလောင်းမှ ဈေးကွက်သို့တင်ပို့နိုင်သည်အထိ အဆင့်ဆင့် မွေးမြူထုတ်လုပ်မှုများ၊ ပုစွန်သားပေါက် ကောင်ရေ ၈သိန်း မွေးဖြူထားရှိမှု၊ တိုင်းဒေသကြီးအတွင်း ပုစွန်သားပေါက် မျိုးဖြန့်ဖြူးမှုများ၊ ရေချိုပုစွန် သားဖောက်မှုနှင့် ကြီးထွားနှုန်းများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုစွန်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရေး မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ရှုခင်းသာကျေးရွာရှိ ဦးမြင့်အောင်၏ ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်၍ ဥစားကြက်မွေးမြူမှု၊ တိရစ္ဆာန်အစာထုပ်လုပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဥစားကြက်မွေးမြူရေးခြံပိုင်ရှင်မှ ဥစားကြက်မွေးမြူရေးခြံအတွက်လိုအပ်သော လျပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်သုံးဆိုလာ ၆၀၀ W (၇၂ချပ်)နှင့် Inverter 11 Kilo (၆)လုံးတို့ဖြင့် လည်ပတ်နေမှု၊ မွေးမြူရေးခြံ(၃၂)ခြံတွင် CP ဥစားကြက်ကောင်ရေ(၇၀၀၀၀)မွေးမြူလျက်ရှိပြီး တစ်ရက်လျင် ကြက်ဥ(၅၄၀၀၀)လုံး ထုတ်လုပ်မှု၊ နေ့စဉ်ထုတ်လုပ်သည့်ကြက်ဥများကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးမှု၊ ဥစားကြက်အစာအဖြစ် CP ကုမ္ပဏီစာနှင့် ကိုယ်တိုင်စပ်အစာကိုကျွေးမွေးမှုများအား ရှင်းလင်းတင်ပြမှုရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စာရင်းဇယားများစနစ်တကျမှတ်သားဆောင်ရွက်စေရေးနှင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပြီး မွေးမြူရေးခြံဖျန်းပိုးသတ် ဆေးဝါးများပေးအပ်ခဲ့သည်။