ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပွဲတက်ရောက်

ပုသိမ် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သော ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ လူဦးရေစာရင်းများကောက်ယူရာတွင် စာရင်းဇယားများ မှန်ကန်မှုရှိရေးအတွက် စာရင်းတိုင်ဆိုင်စစ်ဆေးခြင်းများ၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက အဆင့်ဆင့် ကြပ်မတ်စစ်ဆေး၍ လူဦးရေစာရင်းများကွဲလွဲမှုမရှိစေရေးနှင့် ပြည့်စုံမှန်ကန်စေရေး အလေးထား ဆောင်ရွက်ရန်၊ နယ်မြေဒေသမအေးချမ်းမှုများကြောင့် လာရောက်နေထိုင်ကြသော ယာယီ နေရပ်စွန့်ခွာပြည်သူများအား စာရင်းများကျန်ရှိမှုမရှိစေရေး စနစ်တကျထပ်မံ စစ်ဆေးရန်၊ မိုးရာသီ ရောက်ရှိလာတော့မှာဖြစ်၍ စာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများ သွေးလွန် တုတ်ကွေးရောဂါမဖြစ်ပွားစေရန် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေး သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးရန်နှင့် ရေအိုး၊ ရေတွင်း၊ ရေကန်များကို ကျန်မာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်၍ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရန်နှင့် ပြည်သူများစည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ၊ ရပ်နားမှုများမရှိစေရေး တာဝန်ရှိသူများ ကြပ်မတ်ဆောင်ရွက်ရန်၊ အပတ်စဉ်စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ရာတွင် ကျေးရွာ၊ ရပ်ကွက်များအလိုက် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း စုပေါင်းသန့်ရှင်းကြရန်၊ ပုသိမ်မြို့ရှိ ကန်သုံးဆင့်ပန်းခြံကိုလည်း အဆင့်မြှင့်တင်ပေးလျက်ရှိရာ ပြည်သူများမှ စည်းကမ်းတကျလည်ပတ်နိုင်ရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရေးဆောင်ရွက်ရန်၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများတည်ငြိမ်ရေးတာဝန်ရှိသူ များက အလေးထားဆောင်ရွက်ရန်၊ သီးနှံများပန်းတိုင် အထွက်နှုန်း ရောက်ရှိစေရေးပူးပေါင်းဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ် ကလေးငယ်များ ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် ၊ လူဦးရေစာရင်း မှန်ကန်ရေးအတွက် ပူးပေါင်းဆောင်ရွက် ရေးနှင့် လိုအပ်သည်များအားတင်ပြသွားရန်” အမှာစကား ပြေကြားခဲ့ပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်စက်မှုဇုန်သို့သွားရောက်၍ အမှိုက်မီးရှို့စက် စမ်းသပ်တပ်ဆင်အသုံးပြုနေမှုနှင့် ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက် တပ်ဆင်ထုတ်လုပ်နိုင်ရေး အစိတ်အပိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေခဲ့ပြီး သတ်မှတ်ကာလအတွင်း အပြီးတပ်ဆင်ဖြန့်ဝေပေးနိုင်ရေးမှာကြားခဲ့ကြောင်းသိရသည်။

26-May-2025