ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လပွတ္တာမြို့နယ်၊ ရွေးနဒီခန်းမတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လပွတ္တာမြို့နယ်၊ ရွေးနဒီခန်းမတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး လပွတ္တာမြို့နယ်၊ လပွတ္တာ (၃)မိုင်မြို့သစ်အတွင်းရှိ Myanmar Earth Food ပင်လယ်ဂဏန်းပျော့ အအေးခန်းစက်ရုံနှင့် Texchem Marine ပင်လယ်ဂဏန်းပျော့ မွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။ ညနေပိုင်းတွင် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လပွတ္တာမြို့နယ်၊ လပွတ္တာ (၃)မိုင်မြို့သစ် ကုတင် (၂၀၀)ဆံ့ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဆေးရုံ၏ လိုအပ်မှု အခြေအနေများ၊ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

13-Jun-2018