ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လပွတ္တာ - သင်္ကန်းကြီးလမ်းအတိုင်း အပိုင်းလိုက် ကမ်းပြိုကမ်းထိန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၀.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လမ်းဦးစီးဌာနမှ လပွတ္တာ - သင်္ကန်းကြီးလမ်းအတိုင်း အပိုင်းလိုက် ကမ်းပြိုကမ်းထိန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုခဲ့ပြီး လပွတ္တာမြို့နယ် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနခွဲမှ လပွတ္တလုတ် - ရေကျော်ကြီး ဇက်ကူးတို့လမ်း ဇက်ဆိပ်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုခဲ့ပါသည်။

13-Jun-2018