နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ချီးမြှင့်‌ငွေနှင့် ဆန်များပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပန်းတနော် မေ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပန်းတနော်မြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှထောက်ပံ့သည့် ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁၂နာရီအချိန်က ပန်းတနော်မြို့နယ် လူထုအခြေပြု‌ဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမကျင်းပ ပြုလုပ်ခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပန်းတနော်မြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ပေးအပ်ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က တစ်ဦးလျှင် ငွေကျပ် (၄၀,၀၀၀) နှင့် ဆန်တစ်ပြည်နှုန်းဖြင့်ထောက်ပံ့ပေးခဲ့ပါကြောင်းနှင့်မြို့နယ်အတွင်းတိုက်ပွဲရှောင်စုစုပေါင်း (၂၇၃) ဦးရှိပါကြောင်းသိရသည်။

14-May-2025