ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း  ‌အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်

ပုသိမ်            မေ         ၁၃

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့၊ ပြည်လုံးချမ်းသာခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံတော်မှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများ၏ သားငယ်၊ သမီးငယ်များနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်းနှင့်  နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူး‌ပေါင်း  ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း”  အား ပေးစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာများများပေးအပ်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား လူဦးရေစာရင်းကောက်ယူခြင်းနှင့် ထောက်ပံ့ငွေပေးအပ်နေမှုများကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့်  ၂ဝ၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးများပြန်လည်စိုက်ပျိုးမှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅)% ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “မိမိတို့ တိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် မိုးစပါးရာသီဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ ရေကြီး ရေလျှံမှုများကြောင့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ရာဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး၏ မြောက်ဘက်ခြမ်း ဒေသများဖြစ်သည့် မြန်အောင်၊ ကြံခင်းမြို့နယ်များတွင် စပါးအပါအဝင် အခြားသီးနှံ စိုက်ဧကများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများအတွက် အမြန်ဆုံးပြန်လည် ကုစားစိုက်ပျိုးနိုင်ရေး မျိုးစပါးများ၊ သွင်းအားစုများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ယနေ့တွင် တိုင်းဒေသကြီးအတွင်း (၇.၉.၂ဝ၂၄)ရက်နေ့ အထိ ပြန်လည်စိုက်ပျိုးပြီးသည့်ဧကများအတွက် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၅% ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း  သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းကို ရေတော်မိုးတော် စိုက်ဧက(၂၇) သိန်းတွင် ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ဟင်္သာတခရိုင်အနေဖြင့် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိပြီး ပဲကြီး၊ ပဲပုတ်ဧကတစ်သိန်း စိုက်ပျိုးဆောင်ရွက်လျက်ရှိသကဲ့သို့ နေကြာသီးနှံပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ခုနှစ်သည် သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်၍ တောင်သူများအနေဖြင့် တိုင်းဒေသကြီး၏ သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅)% ထောက်ပံ့ပေးအပ်ရာ တောင်သူများမှ လက်ခံရယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အားကစားခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံတော်မှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်လနှစ်သောင်းကျပ်နှုန်းဖြင့် နှစ်လစာ လေးသောင်းကျပ်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများထုတ်ပေးရာတွင် စနစ်တကျမှတ်တမ်းမှတ်ရာများဖြင့် ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပေါ်မှုမရှိစေရေးအတွက်လည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများ၏ သားငယ်၊ သမီးငယ်များနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်းနှင့် မြို့၊ ရွာများနှင့်အနီးစပ်ဆုံးနေရာများတွင် ကျောင်းတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် လိုပါကြောင်း” အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ဆန်များပေးအပ်ခဲ့သည်။

13-May-2025