ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဥစားဘဲမွေးမြူရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး

ပုသိမ် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဥစားဘဲမွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ စက္ကော့အောက်စုကျေးရွာရှိ ပိုင်ရှင်ဦးဝင်းအောင်၏ ဥစားဘဲမွေးမြူရေးခြံတွင် ဘဲကောင်ရေ (၄၄၀၀)မွေးမြူထားရှိမှုအားကြည့်ရှုအားပေးခဲ့ပြီး ဘဲခြံပိုင်ရှင်က အစာကျွေးမွေးမှု၊ တစ်နှစ်ဥထုတ်လုပ်မှု၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘဲကောင်ရေတိုးချဲ့မွေးမြူနိုင်ရေး၊ ဈေးကွက်အတွင်း ပိုမိုဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်ဖြူးရောင်းချပေးနိုင်ရေးတို့ကို မှာကြားခဲ့သည်။