ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းနှင့် ၂၀၁၇ - ၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၉.၆.၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဝန်ထမ်းများ၏ သားသမီးများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းနှင့် ၂၀၁၇ - ၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ဝန်ကြီးချုပ်မှ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ဝန်ထမ်းများ၏ သား/သမီး (၃၁)ဦးနှင့် ဝန်ထမ်း  (၄၄)ဦး၏ သား/သမီး (၆၀)ဦးတို့ကို ဂုဏ်ပြုဆုတံဆိပ်နှင့် ပညာသင်စရိတ်များအား ယခုလို တစ်ထောင့်တစ်နေရာမှ ထောက်ပံ့ပေးအပ်ချီးမြှင့်ခွင့်ရသည့်အတွက် ၀မ်းသာပီတိဖြစ်ရကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့်သူများဖြစ်အောင် ကြိုးစားသွားကြမှသာ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို မြင်တွေ့ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ပညာသင်စရိတ်များအား အသီးသီးထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

11-Jun-2018